မြင်းခြံမြို့၊ စံပြဈေးနှင့် အေးမြသီတာဈေးများတွင် စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်မျိုးစုံရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ လ ပထမပတ်တွင် ပဲသွေးခဲ ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ် ပေါက်ဈေးများ ဖြင့်ရောင်းချကြောင်း၊ ဒေသတွင်းရောင်းချရာတွင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ဝါတွင်းကာလဖြစ်၍ သားသတ် လွတ်သမားများစားသုံးမှုများကြောင်း၊ နေ့စဉ် (၅-၇) ပိဿာခန့်ရောင်းချရကြောင်း၊ ပဲသွေးပြုလုပ်ရာ တွင် ပဲလွန်း (သို့) ပဲကတ္တီပါကိုအမှုံဖြစ်အောင်ကြိတ်၍ သွေးပဲခဲပြုလုပ်ကြောင်း ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ စားသုံးမှုအနေဖြင့် ပဲသွေးခဲကိုပါးပါးလှီး၍ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ခွဲကြမ်းတို့ဖြင့် ဆီမွှေးသပ်ပြီး ကြော်စားပါက စားသုံး၍ကောင်းကြောင်း၊ ပြုတ်၍လည်း သုပ်စားကြကြောင်း၊ အုန်းနို့ခေါက်ဆွဲစားသုံးရာတွင်လည်း ကြော်ပြီးသားကို ပါးပါးလှီး၍ ထည့်စား ကြောင်း သိရှိရသည်။
DOCA(မန္တလေး)