ဗာဒံစေ့၏ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Fri, 09/12/2025 - 20:01 -- consumer_admin

     ဗာဒံစေ့သည်  ကျန်းမာရေးအတွက်   ကောင်းမွန်စေသော  အစေ့အဆန်တစ်မျိုးဖြစ်သည်။   မြန်မာဆေးကျမ်းများတွင် ဗာဒံစေ့သည် အသည်းအတွက် ကောင်းသည်ဟု ဆိုကြသည်။   ဗာဒံရွက် သည် အရေပြားရောဂါတချို့အတွက် ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုနိုင်သည်ဟု သိရသည်။  ဗာဒံစေ့တွင် အပင်များ၌ တွေ့ရခဲသော ပရိုတင်း (အသားဓာတ်) ၂၀ ရာခိုင်နှုန်း ပါဝင်သည်။   အာဟာရပြည့်သော သစ်သီးများထဲတွင် ဗာဒံသီးသည် အာဟာရဓာတ် အကြွယ်ဝဆုံးဖြစ်၍ ခွန်အား ပြည့်ခန္ဓာကိုယ်တည်ဆောက်မှုအတွက်  ပြည့်စုံစေသောအသီးဖြစ်သည်။ ဗာဒံစေ့တွင်ပါဝင်သည့် အသားဓာတ်သည်  အလွန်အစာကြေလွယ်ကြောင်း  သိရသည်။  ဗာဒံစေ့သည် အင်ဆူလင် ထွက် ရှိမှုကိုကောင်းမွန်စေပြီး   သွေးတွင်းသကြားဓာတ်       ရုတ်တရက် မြင့်တက်မှုမျိုးမဖြစ်အောင် အ ကောင်းဆုံးထိန်းညှိပေးနိုင်သည်။    ထို့ကြောင့် ဆီးချိုရောဂါရှိ သူများအနေဖြင့်  သွေးတွင်းသကြား ဓာတ်ကို  အကောင်းဆုံးထိန်းညှိနိုင်စေရန် ဗာဒံစေ့စားပေးသင့်သည်။  အာယုဗ္ဗေဒကျမ်းများ အဆို အရ ဗာဒံစေ့သည်  အပူချိန်ကိုထိန်းပေးပြီး  ဝမ်းကို ပျော့စေ၍ ဆီးကိုရွှင်စေသည်။ အားကိုဖြစ်စေပြီး အာရုံကြောအားကောင်းစေသည်ဟုဆိုသည်။

      ဗာဒံစေ့သည် အယ်ကာလိုင်း (Alkaline) ပါဝင်သည့် အစားအစာဖြစ်သောကြောင့်   အစာခြေ စနစ်ကောင်းမွန်စေပြီး ဟော်မုန်းများကို ထိန်းညှိပေးနိုင်သည်။ ခန္ဓာကိုယ်ထဲရှိ  PH Level ကိုထိန်း ညှိပေးနိုင်သည်။ PH Level ကျသွားသောအခါ ခန္ဓာကိုယ်၏ခုခံနိုင်စွမ်း ပိုပြီးတိုးလာသကဲ့သို့ အစာခြေလမ်းကြောင်းလည်း ပိုပြီးအလုပ်လုပ်နိုင်သည်။

     နှလုံးကိုကာကွယ်ပေးနိုင်သော ဗာဒံစေ့ဗာဒံစေ့တွင် မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး  စသောဓာတ်များ ပါဝင်သည့်အပြင် နှလုံးအတွက် အရေးကြီးသော Arginine ဓာတ်ပါဝင် သည်။ နှလုံးသွေးလည်ပတ်စီးဆင်းမှုအားကောင်းစေသည်။ ဗာဒံစေ့တွင် ကျန်းမာစေသော Fatty Acids၊ ပိုတက်ဆီယမ်နှင့် ပရိုတင်းတို့   ကြွယ်ဝစွာပါဝင်နေသောကြောင့်    နှလုံးကျန်းမာစေရန်  အကောင်းဆုံး အထောက်အကူပြုပေးနိုင်သည်။      ထိုဓာတ်များအတွင်း၌ အောက်ဆီဂျင် ဓာတ်တိုး ခြင်းကို ဆန့်ကျင်သောပစ္စည်းများ  (Antioxidants) ပါဝင်နေသောကြောင့် နှလုံးကိုကာကွယ်ပေး နိုင်ပြီး သွေးကြောစနစ်ကိုထိန်းသိမ်းပေးနိုင်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြော ပိတ်ရောဂါနှင့် ရုတ်တရက်နှလုံးဖောက်ပြန်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။

အရေပြားနှင့်အရိုးကိုသန်မာစေသော ဗာဒံစေ့

     ဗာဒံစေ့သည်  Free Radicals ကို လျော့ကျစေသည့်အတွက်  အရေပြားကိုကာကွယ်ပေး နိုင်ပြီး ငယ်ရွယ်နုပျိုစေနိုင်သည်။ လေ့လာချက်များအရ  ဗာဒံစေ့တွင် Antioxidant များဖြစ်သော Epicatechin ၊ Catechin ၊ Quercetin ၊ Isorhamnetin နှင့် Kaempferol ဓာတ်တို့ပါဝင်မှုကြောင့်     အရေပြားကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်။ အရေပြားကျန်းမာရေးကောင်းမွန်စေရန်   ဗာဒံစေ့ကိုစားသင့်သည်။  အရိုးနှင့် သွားကျန်းမာရေးအတွက်လိုအပ်သော သတ္တုဓာတ်များဖြစ်သည့် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နှင့်ဖော့စဖရပ်စ် များစွာပါဝင်သည်။  ထို့ပြင်အရိုးပွရောဂါဖြစ် ခြင်း ကို    လျော့ကျစေနိုင်ပြီး  အရိုးကျိုးလွယ်ခြင်းမှ ကာကွယ်နိုင်သည်။ သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ် ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။  ဗာဒံစေ့ထဲတွင်ပါရှိသော အကျိုးပြုပြည့်ဝဆီများသည်  ဗိုက် ခေါက် အဆီများကို   ချပေးနိုင်သောကြောင့် ဝဖြိုးသူများနှင့်အဆီများသူများ ဗာဒံစေ့ကိုစားပေးရန် အမေရိကန် USDA အသင်းက အကြံပြုထားသည်။

ဗာဒံစေ့တွင်ပါရှိသည့်  ဗီတာမင်-E နှင့် ဖလေဗိုနွိုက်သည် ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းကို လည်း လျော့ကျစေနိုင်သည်။   ဗီတာမင်-E သည် အသားအရေတစ်ခုတည်းအတွက်  ကောင်းစေရုံ သာမက နှလုံးရောဂါ၊   ကင်ဆာရောဂါနှင့်   အယ်လ်ဇိုင်းမား (အသိစိတ်ချို့ယွင်းခြင်း)တို့ကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်ခြေကိုပါ လျော့နည်းစေသည်။ ဗီတာမင်- E ကြွယ်ဝသော ဗာဒံစေ့ကို   ဝက်ခြံ ပေါက်သူများ သာမက အရေပြားရောဂါရှိသူများလည်း မဖြစ်မနေ စားသင့်သည်။

   အယ်လ်ဇိုင်းမားရောဂါနှင့် ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်သော ဗာဒံစေ့ဗာဒံစေ့တွင် ဦး နှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေရန်  အရေးပါသော L-carnitine နှင့် Riboflavin  အာဟာရ ဓာတ်များ   ပါဝင်နေသကဲ့သို့ အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကို   လျှော့ချပေးသည်။ ဗာဒံစေ့ တွင် Riboflavin နှင့်  L-carnitine ဓာတ်ပါဝင်မှုကြောင့် ဦးနှောက်မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး  ဦးနှောက် လုပ်ဆောင်ချက်များကိုထိန်းသိမ်းပေးနိုင်သည်။ အာရုံကြော လုပ်ဆောင်ချက်များ ကို ကာကွယ်ပေးနိုင်သည်။ အသက်အရွယ်ကြီးမှုကြောင့် မှတ်ဉာဏ်လျော့နည်းခြင်းနှင့် ရူးသွပ်ခြင်းကို လည်း  ကာကွယ်ပေးနိုင်သောကြောင့်  ဗာဒံစေ့ကိုတစ်ပတ်လျှင် တစ်ကြိမ်ခန့် စားပေးသင့်သည်။

     ဗာဒံစေ့တွင် Linoleic Acid နှင့်  Linolenic  Acid တို့ကဲ့သို့သော   အကျိုးပြု  Fatty Acid  များ ပါဝင်နေခြင်းကြောင့် ခန္ဓာကိုယ်တွင်းဖြစ်ပေါ်သောရောင်ရမ်းမှုကိုသက်သာစေနိုင်သည်။  ကိုယ်ဝန် ဆောင်အမျိုးသမီးများသည် ဖောလစ်အက်စစ်ပါဝင်သော ဗာဒံစေ့ကြောင့်  ကလေးမွေးဖွားရာ တွင်     ကလေးများ၌ချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။

ကိုယ်ဝန်ဆောင်များစားသင့်သော ဗာဒံစေ့

    အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်ရောကလေးပါကျန်းမာစေရန် လိုအပ်သော ဖောလစ်အက်စစ်ကို ဗာဒံစေ့စားခြင်းမှရရှိနိုင်သည်။ ဖောလစ်အက်စစ်ကြွယ်ဝမှုက သွေးကြောထဲ တွင် အဆီများစုပုံခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် နှလုံးကျန်းမာရေးအတွက်    ဗာဒံစေ့ပုံမှန်စားပေးသင့်သည်။ Fatty Acid  ပါသော ဗာဒံစေ့အဆီသည် သွေးတွင်းမှ ကိုလက် စထရောကို  ကျဆင်းစေနိုင်ပြီး  ဆံသားနှင့်အသားအရေကို  ကျန်းမာစေနိုင်သည်။ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် အရေးကြီးသည့်  Monounsaturated Fatty Acids   ပါဝင် မှုကြောင့်    သွေးထဲရှိ   ဂလူးကို့စ်ဓာတ်(Glucose) ကို    ညီမျှစေနိုင်သည်။ ဂလူးကို့စ်ဓာတ်ကို  ခန္ဓာ ကိုယ်က  စုပ်ယူမှုကိုလည်း   ထိန်းချုပ်ပေးနိုင်သည်။

သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်သော ဗာဒံစေ့

     ဗာဒံစေ့တွင် ခန္ဓာကိုယ်အတွက်လိုအပ်သော ဖော့စဖရပ်စ် ကြွယ်ဝစွာပါဝင်နေသည်။ ဖော့စဖရပ်စ်သည် အရိုးများဖြစ်ပေါ်စေရန်နှင့် ခန္ဓာကိုယ်တစ်သျှူးများကို ပြန်လည်ပြုပြင် ပေးနိုင် သည်။ လေ့လာမှုများအရ  ဗာဒံစေ့တွင် ဇင့်နှင့် မဂ္ဂနိစ်တို့ကဲ့သို့သော   ဇီဝကမ္မဖြစ်စဉ်များအား   တိုး တက်ကောင်းမွန်စေသည့် ကိုယ်ခံအားစနစ်ကိုအကောင်းဆုံးအားဖြည့်ပေးနိုင်သော ဓာတ်များပါဝင် နေသည်။ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်သော ဗာဒံစေ့သည် ခန္ဓာကိုယ်၏    သွေးဖိအားကျဆင်း စေ ရန် အထောက်အကူပြုသည်။ ခန္ဓာကိုယ်တွင် သွေးဖိအား တက်နေမည်ဆိုပါကနှလုံး၊ လေဖြတ်ခြင်း နှင့် ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်သောကြောင့်     မဂ္ဂနီဆီယမ်ဓာတ်ကိုပေး စွမ်းသည့်  ဗာဒံ စေ့ ကြောင့် သွေးဖိအားကျဆင်းစေရန်  များစွာကူညီနိုင်မည်ဖြစ်သည်။ ဗာဒံစေ့တွင် ပိုတက် ဆီယမ် ပါဝင်မှုကြောင့်    သွေးပေါင်ချိန်ကို    အကောင်းဆုံးအနေအထားဖြစ်အောင် ထိန်းညှိပေးနိုင် သည်။

အစာခြေစနစ်ကိုကောင်းမွန်စေနိုင်သော ဗာဒံစေ့

          ဗာဒံစေ့တွင်  ဗီတာမင်၊ သတ္တုဓာတ်၊ ကစီဓာတ်များနှင့် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သော ကြောင့် အဆာခံနိုင်ပြီး အစာခြေစနစ်နှင့် အူမကြီးကို အထောက်အကူပြုစေနိုင်သည်။   နောက်ထပ် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးသဖြင့် တခြားအစားအစာများထက်  ပြည့်အင့်လွယ်စေသောကြောင့်   အချိန်တော်တော်ကြာအောင်  အဆာခံနိုင်မည်ဖြစ်သည်။စိတ်ကျေနပ်မှုရစေပြီး မကြာခဏအစာစား ချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။   ဗာဒံစေ့ထဲတွင်ပါသော အမျှင်ဓာတ်များသည်  ခန္ဓာ ကိုယ်မှ  အစားအစာထဲတွင်ပါလာသော ပြင်ပအဆီများစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တား ပေးသည်။ ဗာဒံစေ့ပုံမှန်စားပေးခြင်းဖြင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေသောကြောင့်  ဝမ်းချုပ် ခြင်းကို သက်သာစေနိုင်သည်။ ဗာဒံစေ့စားပြီးပြီးချင်းရေသောက်မည်ဆိုပါက အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားမှုဖြစ်စေနိုင်သည်။ ဝမ်းမှန်စေရန် တစ်ရက်လျှင် ဗာဒံစေ့လေးစေ့မှ ငါးစေ့ခန့် အထိ စားပေးသင့်သည်။

     ဗာဒံစေ့စားခြင်းကြောင့်  ဗီတာမင်-A နှင့် ဗီတာမင်-D  ကို  ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူစေသည်။ ဗာဒံစေ့တွင် အာဟာရစုပ်ယူမှုပိုများစေသည့်  ဓာတ်များပါဝင်ပြီး   အစာခြေစနစ်ကို  ထိန်းချုပ်ပေး နိုင်သည်။ Probiotic Compounds ပါဝင်မှုကြောင့်  အစာခြေစနစ်ကျန်းမာရန်   ထောက်ပံ့ပေးနိုင် သည်။   အစာခြေစနစ်တွင်  အစာခြေရန် လုပ်ဆောင်ပေးသော  အကျိုးပြုဗက်တီးရီးယားများ အများအပြားပါဝင်သည်။  ထိုဗက်တီးရီးယားများ မရှိပါက အစာခြေစနစ်သည်  ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့သဖြင့်    အာဟာရစုပ်ယူမှုလည်း အဆင်မပြေနိုင်တော့ပေ။  Institute of Food Science and Technology in China မှ ၂၀၁၄  ခုနှစ်က လေ့လာချက်အရ ရက်သတ္တရှစ်ပတ် အတွင်း ဗာဒံစေ့ ၅၆ ဂရမ်စားသုံးသည့်  အမျိုးသမီးများတွင် Lacto-bacillus နှင့် Bifidobacterium ကဲ့သို့ ကောင်းမွန်သည့် အကျိုးပြုဗက်တီးရီးယားများ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ဖော်ပြထား ကြောင်း ဗာဒံစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများကို   ရေးသားလိုက်ရပါသည်။

Source: Source: https://myawady.net.mm/node/74733       

  DOCA(ပြည်ထောင်စုနယ်မြေ)