ခရမ်းချဉ်သီးသည် အရောင်အသွေးလှပသည့် အပြင်များစွာသောကျန်းမာရေး အကျိုးပြုမှုများလည်း ရှိပါသည်။ ထို့အပြင်ခရမ်းချဉ်သီးတွင် ဗီတာမင်A ၊ ဗီတာမင်B ၊ ဗီတာမင်C၊ ဗီတာမင်Kနှင့် Lycopene ဓာတ်တို့ပါဝင်ပါသည်။Lycopeneဓာတ် ပါဝင်သောကြောင့် အသားအရေကြည်လင်စေခြင်း၊ ကင်ဆာ ဆဲလ်များကိုမပြန့်ပွားအောင် ကူညီပေးနိုင်ခြင်း၊ အရိုးကိုသန်မာစေနိုင်ခြင်း၊ နှလုံးကျန်းမာရေးကောင်း စေခြင်းနှင့်အမြင်အာရုံကိုလဲ အထူးကောင်းမွန်စေပါသည်။ ခရမ်းချဉ်သီးသည် ကျန်းမာရေးကောင်း စေရုံသာမက အစားအသောက်များ ပြုလုပ်ရာတွင်လည်းအရေးပါသည့် အခန်းကဏ္ဍအဖြစ်ပါဝင် နေသည်။အသုပ်များတွင် ခရမ်းချဉ်သီးအစိမ်းကို ပါးပါးလှီးထည့်၍ စားကြပါသည်။ ထို့အပြင်ခရမ်း ချဉ်သီးအမှည့်ကိုမီးဖုတ်၍ အထောင်းပြုလုပ်ပြီး စားကြသကဲ့သို့ ဟင်းအနှစ်ပြုလုပ်ကာ ကြက်ဥ၊ ဘဲဥ၊ ငါးခြောက်စသည်တို့ အပြင်အခြားအခြားသော အသီးအနှံ၊ အသား ၊ငါးများနှင့်ရော၍လည်း ချက်ပြုတ် စားကြပါသည်။ ခရမ်းချဉ်သီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စီးပွားဖြစ်စိုက်ပျိုးမှုမရှိဘဲ ရှမ်းပြည်နယ်တောင်ပိုင်းမြို့များဖြစ်သော ကလော၊ အောင်ပန်း၊ ဟိုပုံးမြို့များနှင့်အင်းလေး ဒေသတို့မှ အများဆုံးတင်သွင်းကာ လွိုင်ကော်မြို့ဈေးများအတွင်း ပြန်လည်ရောင်းချကြပါသည်။ ယခုအပတ် လွိုင်ကော်ဈေးကွက်အတွင်း ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းဝယ် ဖြစ်လျက် ရှိပါသည်။ယခင်အပတ်နှင့်ယခုပတ် နှိုင်းယှဉ်လျင်(၅၀၀) ကျပ်ကျဆင်းသွားကြောင်း၊ဈေးနှုန်းကျ ဆင်းရခြင်းမှာ ဒေသအတွင်းတပိုင်တနိုင်စိုက်ပျိုး ထွက်ရှိသောကြောင့် ဈေးနှုန်းကျရခြင်းဖြစ် ကြောင်း သီရိမင်္ဂလာဈေးအတွင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှသိရှိရပါသည်။
DOCA(ကယား)