
သလဲသီးတွင် ဆေးဖက်ဝင်အာနိသင်များစွာပါဝင်သည့် အသီးဖြစ်ပါသည်။ သလဲသီး၏ အခွံမှာ အဝါရောင် သို့မဟုတ် အနီရောင်ရှိပြီး အထဲတွင် အနီရောင်အစေ့ငယ်လေးများ အကန့်လိုက်ပါဝင်ပါသည်။ဆီးချိုသမား အများစုသည် သွေးတွင်းသကြားဓာတ် မြင့်တက်မှာစိုး၍ သစ်သီးအများစုကို ရှောင်ကြဉ်ကြသော်လည်း သလဲသီးကို စားပေးသင့်ပါသည်။သလဲသီးတွင် အချိုဓာတ်နှင့်အတူ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်ပါသည်။ သလဲသီးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာပါဝင်ပြီး အင်ဆူလင်ထုတ်လွှတ်အောင် လှုံဆော်ပေး သောကြောင့် သွေအတွင်းအကျိုးမပြုသည့် ကိုလက်စထရောကို ကျဆင်းစေပြီး ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နှလုံးထိခိုက်ခြင်းအပြင် အဝလွန်တာကိုပါ သက်သာစေပါသည်။ ဆီးချိုရောဂါရှိသူများ အနေဖြင့် တစ်နေ့ကို သလဲသီး တစ်ဝက်ခန့်စားပေးလို့ရသလို ဖျော်ရည်အနေဖြင့်လည်း သောက်သုံးပေးလို့ရပါသည်။ သဲလဲသီးအနီ သည် ချိုချိုချဉ်ချဉ်လေးနှင့် စားလို့ကောင်းပြီး ဆီးချိုသမားများအတွက် စားသုံးသင့်ပါသည်။
DOCA(ပဲခူး)