တောင်သူလယ်သမားများနှင့် စပါးပင်ဖျက် ရွှေခရုများအကြောင်း

Powered by Drupal
Tue, 09/09/2025 - 14:26 -- consumer_admin

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ စပါးပင်များစတင်စိုက်ပျိုးရာတွင် အချို့မှာ အစေ့ကြဲခင်းများအနေဖြင့် စိုက်ပျိုးပြီး၊ အချို့မှာ ပျိုးပင်များထောင်၍ အပင်စိုက်စနစ်ဖြင့် ကောက်စိုက်သမများဖြင့် စိုက်ပျိုးကြပါသည်။ ထိုသို့ စပါးပင်များ စိုက်ပျိုးရာတွင် အပင်များမှာ ကောင်းသော်လည်း စပါးဖျက်ပိုးတစ်မျိုးဖြစ်သော ရွှေခရုများ၏ ဖျက်စီးခြင်းများစွာခံနေရပြီး အပင်များပျက်စီးဆုံးရှုံးမှုများပြားနေကြောင်း သိရပါသည်။ ထိုခရုအကောင်များအား ပိုးသတ်ဆေးဖြင့် သတ်နိုင်သော်လည်း ဥများမှာ အဆပေါင်းများစွာ ထပ်၍ တိုးပွားလာခြင်းကြောင့် အကြိမ်ကြိမ် ပိုးသတ်ဆေးများ သုံးစွဲနေရပြီး စပါးပင်များ ပျက်စီးဆုံးရှုံးမှုများသည့်အပြင် ပိုးသတ်ဆေးကြောင့် ကုန်ကျစရိတ်များလဲ များပြားနေကြောင်း စပါးစိုက် လယ်သမားတစ်ဦးထံမှ သိရှိရပါသည်။

(DOCA)ဧရာဝတီ