
မြန်မာနိုင်ငံ၏ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာ ပြင်အထက်ပေပေါင်း(၃၅၃၈)ပေမြင့်ပြီး သဘာဝတရားမှချီးမြှင့်ထားသည့် မြေဆီဩဇာကောင်း မွန်မှုနှင့်သင့်တင့်အေးမြသော ရာသီဥတုတို့ကိုပိုင်ဆိုင်ထားရှိမှုတို့ကြောင့် စားပင်သီးပင်များဖြစ်ထွန်း ရာစိုက်ပျိုးရေးဥယျာ်ဉ်ခြံမြေ ဖြစ်သည်။ ယင်းသို့သစ်သီးဝလံပန်းမာန်များ စိုက်ပျိုးကောင်းမွန် သည့်မြေတွင်မြို့ခံလူအများသည် နှစ်ရှည်သီးနှံပင်နှင့်ရာသီစာသီးနှံပင်များကို စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိရာ ၎င်းသီးနှံများထဲမှနဂါးမောက်သီး သီးနှံကိုလည်းစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။
“Pitaya Fruit“ အမည်ရှိပြီး၊သိပ္ပံအမည်(Hylocereus Sps)နှင့် မြန်မာလူမျိုးများ အခေါ် အဝေါ်(Dragon fruit)နဂါးမောက်သီးဖြစ်ပြီးမူရင်းဒေသမှာ အမေရိကန်တောင်ပိုင်းနှင့် အလယ်ပိုင်း ဖြစ်သည်။ နဂါးမောက်သီးပင်များသည် ကမ္ဘာတစ်ဝန်းရှိအပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့ အပြားတွင်စိုက်ပျိုးဖြစ်ထွန်းပြီးရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။မျိုးအား ဖြင့်အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်သောမျိုး၊ အပြင်အခွံအနီရောင်နှင့်အတွင်းသား အနီရောင်ရှိသောမျိုး၊အပြင်အခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးဟူ၍(၃)မျိုးရှိသည်။ ယခုလက်ရှိမြန်မာနိုင်ငံတွင်အတွင်းသားအနီရောင်မျိုး(red flesh variety)Hylocereus umdatus နှင့်အတွင်းသားအဖြူ (white flesh variety) Hylocereus တို့ကို အများဆုံးစိုက်ပျိုးသည်။စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသောမျိုးများ၏ မူရင်းဒေသမှာ မက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။
နဂါးမောက်သီးသည် မေလမှအောက်တိုဘာလအထိ အသီးထွက်ရှိ၍ နှစ်စဉ်နှစ်တိုင်းဝင်ငွေ ရနိုင်သောကြောင့် စီးပွားရေးတွက်ချေကိုက်သော သီးနှံတစ်ခုဖြစ်သည်။ အပင်ပုံသဏ္ဍာန်၊အသီးပုံ သဏ္ဍာန်များလှပသောကြောင့် အလှပင်အဖြစ်လည်းစိုက်ပျိုးနိုင်ပါသည်။ စီးပွားဖြစ်ခြံများ စိုက်ပျိုး ရာတွင် ပင်ကြား၊တန်းကြားထား၍ တစ်တိုင်ချင်းစနစ် ၊ နှစ်တန်းပြိုင်စနစ်ဖြင့် ၊ တစ်တိုင်လျှင် အပင်ရေ(၄)ပင်ထိစိုက်ပျိုးနိုင်ကြောင်းသိရှိရပါသည်။(၁)ဧကလျှင် အပင်ရေ၅၀၀၀ထိ စိုက်ပျိုးနိုင် ၍အသီးအနေဖြင့် (၁၀)တန်ထွက်ရှိကြောင်း၊ သီးနှံအကောင်းဆုံးစိုက်ပျိုးချိန်မှာ မေလမှ ဇွန်လဖြစ်သည်။နဂါးမောက်ညအချိန်တွင် (၁၂)နာရီကျော်သောကာလများတွင်သီးပွင့်ကာ ပန်းဖူး စထွက်ပြီး(၁၅)ရက်ကြာလျှင် ပန်းပွင့်၍ပန်းပွင့်ပြီး(၃၀‒၄၅)ရက်ကြာလျှင် အသီးများရင့်မှည့်လာပြီး အသီးခွံများအနီရောင်စပြောင်းလျှင် ခူးဆွတ်နိုင်သည့်အပြင် အနီရောင်စပြောင်းပြီး(၄)ရက်ကြာမှ ခူးခြင်းသည်အသီးအရည်အသွေးအကောင်းဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဆွတ်ခူးရာတွင် အရောင် ညီသော အသီးများကိုသာဆွတ်ခူးရ၍ အညှာအနား၌လက်မဝက်ခန့်ချန်၍ ဆွတ်ခူးသင့်ကြောင်း သိရှိရပါသည်။
ယခုဈေးကွက်တွင်းနဂါးမောက်သီးမှာ အလုံးကြီးတစ်လုံးလျှင် ( 2၀၀၀-2၅၀၀ )ကျပ် ၊အလုံးအလတ်တစ်လုံးလျှင် ( 10၀၀-15၀၀ ) ကျပ်၊ အလုံးသေးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိသည့်အပြင် ကီလိုအချိန်များနှင့်လည်း ရောင်းချ လျက်ရှိပါသည်။ သီးနှံ၏အရည်အသွေးနှင့် နေရာဒေသအချိန်ပေါ်မူတည်၍ဈေးနှုန်းမှာပြောင်းလဲလျက်ရှိပါသည်။နှစ်စဉ်သီးနှံစတင် ထွက်ပေါ်ချိန် တွင် ဈေးကောင်းရရှိ၍သီးနှံလှိုင်လှိုင် ထွက်ပေါ်ချိန် တွင်ဈေးကွက်သဘာဝအရ ဝယ်လိုအားထက် ရောင်းလိုအားမြင့်တက်၍ ဈေးနှုန်းများကျဆင်း တတ်ကြောင်းသိရှိရပါသည်။ စားသုံးသူများ အနေဖြင့်အချိုဓာတ်ပါဝင်မှု များပြားသော အနီရောင်အသီးကိုပိုမိုကြိုက်နှစ်သက်၍ အချိုတည်းရာ တွင်သာမကမုန့်များ၊ရေခဲချောင်းများ ပြုလုပ်ရာတွင်လည်းထည့်သွင်း စားသုံးမှုများ လည်းရှိပါ သည်။ အဝေးသို့တင်ပို့ရာ တွင် နဂါးမောက်သီးကိုဖော့အိတ်များဖြင့် ဖြစ်စေ၊ သတင်းစာ စက္ကူများ ဖြင့်ဖြစ်စေ တစ်လုံးချင်းထုတ်ပိုး၍တင်ပို့ခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အသီးများ ထိခိုက်ဆုံးရှုံးမှုနည်းပါးကာ အရည်အသွေးကောင်းမွန်ကြောင်း သိရှိရပါသည်။ နဂါးမောက်သီးသည် ရေဓါတ်ပါဝင်မှုများပြား၍ ရေသောက်နည်းပါးသူ၊ အသားရေ ခြောက်သူများအဖို့ အထူးစားသုံးသင့် ပါသည်။ ယခုအခါ ပြင်ဦးလွင်မြို့နယ် တွင်းရှိ အိမ်များတွင် နဂါးမောက်သီးပင်များကို တန်းများ တန်း၍ သော်လည်းကောင်း ၊ အုတ်တံတိုင်း ပြင်ပများတွင်သော်လည်းကောင်း မိမိအိမ်တို့အိမ်တွင် တစ်နိုင်တစ်ပိုင်စားအနေဖြင့် ကြိုက်နှစ်သက်ရာ အဖြူမျိုး၊ အနီမျိုးများ အသီးသီး စိုက်ပျိုးထား သည်ကို လည်းတွေ့ရှိနိုင်ပါသည်။
ပြင်ဦးလွင်မှထွက်ရှိသော နဂါးမောက်သီးကိုနယ်တွင်းစားသုံးခြင်းအပြင် မန္တလေးတိုင်းနှင့် နီးစပ်ရာမြို့နယ်များသို့ အသီးသီးတင်ပို့ရောင်းချလျက်ရှိပါသည်။ နဂါးမောက်သီးသည် နိုင်ငံတကာ စားသုံးကြသောဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သောကြောင့် ယခုအခါနိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင် ခြင်းမရှိသေးသော်လည်း နောင်အခါတွင်တိုးတက်သောနည်းပညာများအသုံးပြု၍ တင်ပို့ရောင်းချ ခြင်းဖြင့် နိုင်ငံတော်ဝင်ငွေကို တိုးပွားအောင်ပြုလုပ်ပေးနိုင်သော ဈေးကွက်ဝင်သီးနှံဟု ထင်မြင် ယူဆမိပါသည်။ထို့ပြင် နဂါးမောက်သီးစတင်၍စိုက်ပျိုးခြင်သူများနှင့် လေ့လာခြင်သူများအတွက် ပြင်ဦးလွင်မြို့ နဂါးမောက်ခြံများတွင် လာရောက်ကြည့်ရှ့လေ့လာခြင်းသာမက မိမိစိတ်ကြိုက် ဝယ်ယူနိုင်သည့်နိုင်သည့်အပြင် ပြင်ဦးလွင်မြို့၏အလှအပကိုခံစားနိုင်ရန်အတွက် လာရောက်ကြ ရန် ဖိတ်ခေါ်လိုက်ရပါသည်။
DOCA(မန္တလေး)