သစ်ကြားသီး နဲ့ ကျန်းမာရေး

Powered by Drupal
Fri, 09/05/2025 - 18:54 -- consumer_admin

        အရသာရှိတဲ့ သစ်ကြားသီးကသွေးတွင်း ကိုလက်စထရော ကျဆင်းစေတယ်သစ်ကြားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း polyphenol ဗီတာမင် E တို့ ပါဝင်နေတာ ကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့  ခေါ်တဲ့ အပင်ကနေရတဲ့ Omega-3 fatty acidတစ်မျိုး ပါဝင်နေတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်း ရေ ာက်ရှိမှု ကောင်းစေတာကြောင့် နှလုံး ကျန်းမာစေပါတယ်။

            လေ့လာမှု ရလဒ်တွေအရ သစ်ကြားသီးစားသုံးပေးတာကနှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်။ လို့ သိရပါတယ်။သစ်ကြားသီးက ဓာတ်တိုး ဆန့်ကျင် ပစ္စည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ဒါတင်မကသေးပါဘူး။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်နိုင်တဲ့ အမျိုးအစား () ဆီးချို၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

            သစ်ကြားသီးမှာ အစာခြေစနစ် တလျှောက်တွင်ရှိသော အကျိုးပြု ဘက်တီးရီးယားများကို အာဟာရ ဖြည့်ပေးနိုင်သော အာဟာရများ ပါဝင်နေသောကြောင့် သင့်ကိုယ်ရော သင့်အစာခြေစနစ်က အကျိုးပြု ဘက်တီးရီးယားတွေကိုပါ ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံးအားဖြည့်ပေးမှာပါ။ သစ်ကြားသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အကြောင်းကတော့ သစ်ကြားသီးမှာ polyphenol ellagitannins ကြွယ်ဝတာကြောင့်ပါ။

            သစ်ကြားသီး စားသုံးပေးတာက ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ရာ ရောက်ပါတယ်။သစ်ကြားသီးက အမျိုးအစား () ဆီးချို ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးကို နေ့စဉ် လက်ဖက်ရည်ဇွန်း ဇွန်းခွဲလောက် စားသုံးပေးတာက အမျိုးအစား () ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၄၇ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ပါတယ်။ဆီးချိုရောဂါ ခံစားနေရသူတွေ အနေနဲ့လည်း သစ်ကြားသီး စားသုံးပေးမယ်ဆိုရင် ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

            သစ်ကြားသီးမှာ micronutrients phytosterols linoleic acid နဲ့ polyphenolics တို့ ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးစေနိုင်ပါတယ်။ သစ်ကြားသီးပုံမှန်စားသုံးပေးတာက လှုပ်ရှားနိုင်မှု စွမ်းရည်၊ မှတ်မိနိုင်စွမ်းနဲ့ သိမြင်မှု စွမ်းရည်တွေကိုပါ တိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။အစေ့အဆံတွေ တစ်နေ့ကို လက်တစ်ဆုပ်လောက်စားပေးရင် ကျန်းမာရေး အတွက် တကယ်ကို အထောက်အကူပြုပါတယ်။ ဝိတ်ချချင်တဲ့ သူတွေအတွက်လည်း အစေ့အဆံတွေက တကယ်ကို ကူညီပေးမယ့် အရာတွေပါ။ ဒီတော့ အစေ့အဆံတွေထဲကမှ ဝိတ်ချချင်တဲ့သူတိုင်း စားပေးသင့်ဆုံးကတော့ သစ်ကြားသီးဖြစ်ပါတယ်။ သစ်ကြားသီးမှာ ဗီတာမင် တွေ၊ အမျှင်ဓာတ်တွေ၊ ကျန်းမာတဲ့အဆီဓာတ်တွေ၊ omega-3 fatty acids တွေနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝတဲအတွက် သူက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ မမှားပါဘူး။ နောက်ပြီး မဂ္ဂနီဆီယမ်တို့ ကော်ပါးတို့လိုမျိုး သတ္တုဓာတ်တွေလည်း ပါတာကြောင့် ဝိတ်ကျ နေတဲ့ သူတွေအတွက် တကယ်ကို အားထားလို့ရတဲ့ အစေ့အဆံတစ်ခုပါ။ ဒါ့အပြင် ကိုယ်တွင်းရောင်ရမ်းခြင်းတွေကိုလည်း လျှော့ချ၊ ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့လို ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါတွေကလည်း ကာကွယ်ပေးတဲ့အပြင် ဆီးချိုတို့ သွေးတိုးတို့ မဖြစ်အောင်လည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

            သစ်ကြားသီး ၁၂ လုံးကနေ ၁၄ လုံးလောက်စားလိုက်ရင် ကယ်လိုရီ ၁၉၀ လောက်ရပေမယ့် သူ့ထဲမှာပါတဲ့ အဆီဓာတ်တွေက ကိုယ်အလေးချိန်တက်စေတာ၊ ကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်စေတာတစ်ခုမှ မရှိပါဘူး။သစ်ကြားသီးမှာပါတဲ့အမျှင်ဓာတ်တွေကအူတွင်းကအကျိုးပြုဘက်တီးရီးယားတွေကိုပေါက်ပွားစေတဲ့အတွက်ဝမ်းမှန်ပြီးကိုယ်အလေးချိန်ထိန်းပေးပါတယ်။ သစ်ကြားသီးစားဖူးသူတိုင်းသိမှာပါ။ လုံးလောက် စားပြီးတာနဲ့ ထပ်မစားချင်အောင် ဗိုက်ပြည့်သွားတတ်တယ်ဆိုတာမျိုးဖြစ်ပါတယ်။ သူ့မှာပါတဲ့ ကျန်းမာတဲ့ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေက သင့်ကို အစားအများကြီး မစားစေချင်ဘဲ အဆာခံစေပြီး ပြည့်စေ မှာပါ။ပါဝင်တဲ့ ကျန်းမာတဲ့အဆီဓာတ်တွေက အစာခြေအားကိုကောင်းစေမယ့်အပြင် အခြား မကောင်းတဲ့ အဆီတွေ ထပ်မကပ်နိုင်အောင် ကာကွယ်ပေးလိုက်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးမှာပါ။ သစ်ကြားသီးဟာ သွေးတွင်းက ကောင်းတဲ့အဆီတွေဖြစ်တဲ့ high-density lipoprotein (HDL) တွေကို တိုးမြှင့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ဒီလို ဇီဝကမ္မဖြစ်စဉ် မြင့်တက်လာတာကြောင့် ကယ်လိုရီတွေ ပိုလောင်ကျွမ်းပြီး အဆီပိုတွေ ကိုယ်ခန္ဓာကနေ တဖြည်းဖြည်းလျော့လာတာကြောင့် သစ်ကြားသီးဟာကိုယ်အလေးချိန်ကိုလျော့ကျစေတဲ့အစေ့အဆံတစ်ခုဆိုလည်းမမှားပါဘူး။သစ်ကြားသီးမှာပါဝင်တဲ့ ပရိုတင်း၊ ကျန်းမာတဲ့အဆီတွေနဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတယ်။ သွေးတွင်းသကြားဓာတ်များခြင်းက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စက်နေတတ်ပြီး သွေးတွင်းသကြားဓာတ်နည်းရင်တော့ အဆီတွေစုလာတာကိုလျှော့ချပေးမှာပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရုံမက သစ်ကြားသီးထဲ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အဆာခံစေပြီး ဗိုက်ဆာခြင်းကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ သစ်ကြားသီးမှာပါဝင်တဲ့ omega-3 fatty acids အဆီလောင်ကျွမ်းခြင်းကို အားပေးတဲ့အတွက် ကိုယ်တွင်းမှစုနေတဲ့ အဆီတွေကို ချေဖျက်ပေးခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေပါသည်။

 DOCA(ပဲခူး)