ဆေးဖက်ဝင်ကြက်သွန်ဖြူအကြောင်း

Powered by Drupal
Fri, 09/05/2025 - 18:20 -- consumer_admin

      ကြက်သွန်ဖြူဟာ အိမ်တိုင်း၏ စားဖိုဆောင်တွင်မရှိမဖြစ် ဟင်းခတ်တစ်မျိုး ဖြစ်ပါသည်။ ကြက်သွန်ဖြူသည် ကျန်းမာရေးအတွက်အလွန်ကောင်းမွန်ပြီး လူတစ်ဦး၏ နေ့စဉ်တွင် စားသင့်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ ကြက်သွန်ဖြူကိုဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးပြုသလို အတို့အမြုပ်အဖြစ်လည်း စားသုံးကြပါ သည်။ မြန်မာ့လက်ဖက်ပွဲတွင်လည်း  မပါမဖြစ်ပါဝင်လျက်ရှိနေပါသည်။ အစာလည်းဆေး ၊ ဆေးလည်းအစာဆို သည့်အတိုင်း ဘယ်နည်းနဲ့ပဲစားစား ကျန်းမာရေးအတွက် အလွန် ကောင်းသော အစားအစာ တစ်မျိုးဖြစ်ပါသည်။

    ကြက်သွန်ဖြူ တွင်ပါဝင်သော ဆာလဖာဒြပ်ပေါင်းသည်  အနံ့အရသာကို ဖြစ်ပေါ် စေသည် ဟုသိရပါသည်။    ကြက်သွန်ဖြူကောင်းကျိုးများမှာ  အစာခြေစနစ်ကို ကောင်းမွန် စေပြီး အူလမ်းကြောင်း၏ လုပ်ဆောင်ချက်ကို တိုးတက်တဲ့အပြင်  မအီမသာဖြစ်ခြင်းနှင့် အရေပြားယားယံခြင်းတွေကိုပါ သက်သာစေပါသည်။ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက် စေသော ကိုယ်လက်ထရော ကိုလျော့စေပါသည်။ ကြက်သွန်ဖြူဟာ မျက်လုံးအိမ်အတွင်း  အရည်၏ဖိအားကို  လျော့ကျစေကြောင်းသိရပြီး မျက်စိနှင့် ပတ်သတ်သောရောဂါများ ကာကွယ်ပေးပြီး မျက်စိကို အားကောင်းစေပါသည်။ နံနက်စောစော အစာမစားမီ ကြက်သွန်ဖြူရေစိမ်တစ်ခွက်သောက်ပေးခြင်း၊ ကြက်သွန်ဖြူ သုံး၊ လေးတက်မြွာစားခြင်းဖြင့် ကျောက်ကပ် ကိုအားကောင်းစေပါတယ် ကျောက်ကပ်မှာပိုးဝင်ပြီး အနာဖြစ်တာ၊ ဆီး လမ်းကြောင်း ရောင်ရမ်းတာတွေဟာ ကုသ ဖို့အလွန်ခက်ခဲသော်လည်း   ကြက်သွန်ဖြူစိမ်ရေ  ပုံမှန် သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်  ကြက်သွန်ဖြူဟာ ကျောက်ကပ် ရောဂါဖြစ်စေနိုင်တဲ့အဆိပ် တောက်ဓာတ်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ် လမ်းကြောင်း၊ ဆီးလမ်းကြောင်း ပိတ်ဆို့မူ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်းလည်း သိရပါသည်။ ကြက်သွန်ဖြူ ကိုအစိမ်းစားပေးမယ်ဆိုရင် အအေးမိဖျားနာခြင်း ၊ ချောင်းဆိုး ခြင်းတွေကို သက်သာစေပါသည်။

       ကြက်သွန်ဖြူကို ပုံမှန်စားပေးမယ်ဆိုရင် အသည်းကျန်းမာရေးကိုလည်း အားကောင်း စေပါသည် ထို့အပြင် နှလုံးနှင့်ပတ်သတ်သော ရောဂါရှိသူများအတွက်လည်း ကောင်းမွန်ပါသည်၊ ပင်ပန်းနွမ်းနယ်မူကို လျော့ကျစေပြီး ခုခံအား တိုးတက်စေပသည် သို့ဖြစ်ပါ၍ ကြက်သွန်ဖြူသည် ကျန်မာရေးအတွက် အထူးသင့်တော်သောကြောင့် ပုံမှန်စားသုံးသင့်ပါသည်။

DOCA (ဧရာဝတီ)