ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာန (MoT) နှင့် တရုတ်နိုင်ငံမှ တာဝန်ရှိ ကိုယ်စားလှယ်အဖွဲ့တို့သည် ခရီးသွားလုပ်ငန်းစီးဆင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၊ မြောက်ပိုင်းမြို့ဖြစ်သည့် Tianjin (တီယန်ကျင်း) မှ ဖနွမ်းပင်မြို့နှင့် Siem Reap မြို့ တို့ကို တိုက်ရိုက် ပျံသန်းမှု လေကြောင်းလိုင်း အသစ်များ ထူထောင်ရန် အစီအစဉ်များကို ၃၁-၈-၂၀၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် ခရီးသွားလာရေးဝန်ကြီးဌာန (MoT)၊ ပြည်ထောင်စုဝန်ကြီး Huot Hak သည် နိုင်ငံတကာ ခရီးသွားများအတွက် ကမ္ဘောဒီးယားအစိုးရမှ ပေးအပ်ထားသော ဘေးကင်းရေး အာမခံချက် များအား အလေးပေးပြောကြားခဲ့ပြီး အဓိက ခရီးစဉ်များ၊ အမျိုးမျိုးသော ထုတ်ကုန်များ၊ နိုင်ငံသားများ၏ ဖော်ရွေပျူငှာသော ဧည့်ဝတ် ကျေပွန်မှုနှင့် နိုင်ငံတော်၏ အရသာရှိသော အစားအစာများ အပါအဝင် ကမ္ဘောဒီးယား၏ မတူကွဲပြားသော ခရီးသွားလုပ်ငန်း၏ အားသာချက်များကို ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင် များက ထောက်ခံထားသည့် ကမ္ဘောဒီးယား-တရုတ် ခရီးသွားလာရေးနှစ် ၂၀၂၅ ၏ ပဏာမ ခြေလှမ်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် တော်ဝင်အစိုးရ၏ မူဝါဒဆိုင်ရာ ဦးစားပေးမှု များကို တင်ပြခဲ့သည်။ ကမ္ဘောဒီးယားသို့ ခရီးစဉ် ပက်ကေ့ချ်အသစ်များ ပြင်ဆင်မှု တွန်းအားပေးရန်၊ Tianjin မှ Phnom Penh နှင့် Siem Reap အကြား တိုက်ရိုက်လေကြောင်းလိုင်းအသစ်များ ထူထောင်ရန်၊ ကမ္ဘောဒီးယား ခရီးသွားကဏ္ဍ၏ အလားအလာကို စိစစ်ပြီး ဘေးကင်းသော အချက်အလက်များဖြင့် မြှင့်တင်ရန်နှင့် ခရီးသွားကဏ္ဍကို ထိခိုက်စေနိုင်သော သတင်းမှားများကို တန်ပြန်ရန် သဘောတူညီခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)