ပြောင်းဖူးမှရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Thu, 09/04/2025 - 16:02 -- consumer_admin

   ပဝါခြုံလုံပါပေ့၊ဆံမြိတ်ချလှပါပေ့၊ ကျောက်တန်းစီညီပါပေ့ဟု အမည်ရသောပြောင်းဖူးကို သကြားပြောင်း၊ ထောပတ်ပြောင်း၊ ပလို့ပြောင်းနှင့် အနီရောင်ရှမ်းပြောင်းဟူ၍တွေ့မြင်ကြရပြီး ယေဘုယျအားဖြင့် အဝါမျိုးသည် အချိုဓာတ်များပြီး အနီမျိုးသည် အရသာဆိမ့်သည်။ ပြောင်းဖူးကို အပြုတ်၊  အသုပ်၊ အကင်၊  အကြော်စသည်ဖြင့် သရေစာစားကြသလို ဟော့ပေါ့အပါအဝင် အချို့ ဟင်းလျာများတွင်လည်း ထည့်သုံးလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် ပြောင်းသီးနှံကို ရာသီမရွေး သီးထပ်အဖြစ်စိုက်ပျိုးကြပြီး ယခုအခါ မြန်မာနိုင်ငံအလယ်ပိုင်းသာမက ရှမ်းပြည်နယ်တောင်ပိုင်း နှင့်မြောက်ပိုင်း‌ဒေများ၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့်ရရှိလာနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ဆီးအိမ်ကို ကောင်း စွာအလုပ်လုပ်စေပြီး ကျောက်ကပ်နှင့်ဆိုင်သောရောဂါအမျိုးမျိုးကို ကုသပေးနိုင်ခြင်း၊ ကယ်လိုရီ ဓာတ်မြင့်မားစွာပါဝင်သောကြောင့် ခွန်အားဖြစ်စေခြင်း၊ ခန္ဓာကိုယ်ထဲရှိမကောင်းသော အဆီဓာတ် များကိုလျော့ချပေးနိုင်ခြင်း၊ သွေးအားနည်းရောဂါများကို ကာကွယ်တားဆီးပေးနိုင်ခြင်း၊ ဦးနှောက် ဆဲလ်များကို အားကောင်းစေပြီးမှတ်ဉာဏ်နှင့်သိမြင်နိုင်စွမ်းတို့ကို တိုးတက်ကောင်းမွန်စေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း ပြောင်းဖူးစားသုံးပေးခြင်းဖြင့် သွေးတိုးခြင်းနှင့် ‌သွေးဆိပ် တက်ကာခြေ၊ လက်ဖောရောင်ခြင်းများကိုသက်သာစေနိုင်ပါသည်။