အရိုးနှင့်သွားများကိုသန်မာသောနွားနို့

Powered by Drupal
Wed, 09/03/2025 - 14:48 -- consumer_admin

   နွားနို့သည် လူသားတို့အတွက် အရေးပါသော အာဟာရဓာတ်များပါဝင်သည့် သဘာဝ အရည် တစ်မျိုးဖြစ်ပြီး ကလေးမှသည် လူကြီးအထိသောက်သုံးလေ့ရှိကြောင်းသိရှိရသည်။ နွားနို့ကို တစ်နေ့လျှင် တစ်ခွက်မှ နှစ်ခွက် အထိသောက်သုံးခြင်းဖြင့် လိုအပ်သော အာဟာရများကို ရရှိစေ နိုင်ကြောင်း၊ နွားနို့ကို ပူနွေးစွာ(သို့) အအေးသောက်နိုင်သော်လည်း ကျိုချက်ပြီးမှ သောက်သုံးပါက ပိုမိုဘေးကင်းကြောင်းသိရှိရသည်။

    မြင်းခြံမြို့နယ်ရှိ သဲဖြူဝရွာ၊ ဖိုးတုပ်ဖြူရွာနှင့် ဒါးကျွန်းရွာများရှိ နွားမွေးမြူရေးခြံများမှ ထွက်ရှိသော  နွားနို့အစိမ်း တစ်ပိဿာ လျှင် (၆၀၀၀) ကျပ်၊ (၅၀) ကျပ်သားပါတစ်ဗူးလျှင် (၃၀၀၀) ကျပ်ဖြင့် ဒေသတွင်း ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ နွားနို့သည် ခန္ဓာကိုယ် အတွက် အထောက်အကူပြုသော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ပရိုတင်း ဓာတ်၊ ကယ်စီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်တွေပါဝင်သောကြောင့် ကြွက်သားနှင့် တစ်ရှူးများဖွံ့ဖြိုး၍ အရိုးနှင့်သွားများကိုလည်း သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်ပေး ကြောင်း၊ နွားနို့တွင်ပါဝင်သော အမိုင်နိုအက်ဆစ်သည် စိတ်ငြိမ်စေပြီး ကောင်းစွာအိပ်ပျော်စေနိုင် ကြောင်း၊  စားသုံးမှုအနေဖြင့် နွားနို့ကို ကော်ဖီ၊ လက်ဖက်ရည်၊ သစ်သီး ဖျော်ရည်များနှင့် ရောစပ် သောက်သုံးနိုင်သလို နွားနို့ချက်၊ နွားနို့ကင်၊ နွားနို့မလိုင် စသည်တို့ကို ပြုလုပ်စားသုံး ကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)