အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ

Powered by Drupal
Tue, 09/02/2025 - 18:39 -- consumer_admin

     မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှသုတေသနပညာရှင်များလုပ်တဲ့ သုတေသနတစ်ခုမှာ လူအများစုစားနေကျဖြစ်တဲ့နံနက်စာများဟာ မိမိတို့ရဲ့အူလမ်းကြောင်းကိုထိခိုက်စေတယ်လို့ တွေ့ရှိ ထားပါသည်။

     အထူးသဖြင့် နွားနို့၊ ကြက်ဥ၊ ပဲနဲ့ပဲပိစပ်လိုမျိုးအရာတွေကနေရရှိတဲ့ပရိုတိန်း တွေက စမ်းသပ်ခံကြွက်တွေရဲ့အူလမ်း ကြောင်းအပေါ် ကြီးစွာသောသက်ရောက် မှုရှိစေတယ်ဆိုတာကို သုတေသီများက တွေ့ရှိထားတာဖြစ်ပါသည်။

    အူလမ်းကြောင်းထဲမှာရှိတဲ့ ဇီဝပစ္စည်း များက အမျိုးမျိုးသောကျန်းမာရေးအပေါ်သက်ရောက်မှုရှိပါတယ်။ အခုစမ်းသပ်မှုကနေထွက်လာတဲ့ရလဒ်ကကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူသန်းပေါင်းများစွာခံစားနေရ သော အူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ကာကွယ်ခြင်းနဲ့ကုသခြင်းတို့အတွက် အသုံးဝင်စေမှာဖြစ်ပါသည်။

 

(DOCA ဧရာဝတီ)