ဦးနှောက်ကို မြန်ဆန်စွာပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်

Powered by Drupal
Tue, 09/02/2025 - 18:36 -- consumer_admin

     သုတေသနပညာရှင်များအနေနဲ့ ၁၆ နှစ်ကြာလုပ်ဆောင်ထားတဲ့ သုတေသနတစ်ခုအရဆိုရင် သွေးတိုး ခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ်ငါးခုက ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါ တယ်။ အခုသုတေသနကို တရုတ်ပညာရှင်များက လုပ်ထားတာပါ။
ဦးနှောက်ကိုမြန်ဆန်စွာပျက် စီးစေနိုင်တဲ့အန္တရာယ်ငါးသွယ်ထဲမှာပါဝင်တာတွေကသွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏမြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပညာရည်နိမ့်ပါးခြင်းတို့ဖြစ်ပါသည်။  
     အဲဒီထဲမှာ သွေးတိုးခြင်းက ဦးနှောက်ပျက်စီးခြင်းကို အဖြစ်စေနိုင်ဆုံးသော အကြောင်းရင်းဖြစ် တယ်လို့ ပညာရှင်များကပြောပါတယ်။ ဒီလိုအကြောင်းရင်းငါးချက်မဖြစ်အောင် ရှောင်ရှားမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးကို ကောင်းစေနိုင်ကြောင်း ပညာရှင်များက ပြောထားပါသည်။

 

(DOCA ဧရာဝတီ)