၈၃၅ ကီလိုမီတာအထိမောင်းနှင်နိုင်မယ့် Xiaomi ရဲ့ YU7

Powered by Drupal
Tue, 09/02/2025 - 18:23 -- consumer_admin

     Xiaomi က မကြာခင်မှာ YU7 ဆိုတဲ့ လျှပ်စစ်စွမ်းအင်သုံးကားတွေကို ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ မကြာ သေးခင်က   စက်မှုလုပ်ငန်းနဲ့သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကို တင်သွင်းလိုက်တဲ့အချက်အလက်တွေထဲ မှာ အကွာအဝေး ၈၃၅ ကီလိုမီတာအထိ သွားနိုင်တဲ့ မော်ဒယ်အသစ်ကိုထည့်သွင်း တင်ပြလိုက်တယ်လို့ဆိုပါတယ်။

    အခုတင်ပြလိုက်တဲ့မော်ဒယ်မှာ မော် တာတစ်လုံးတည်းသာ   ပါဝင်မှာဖြစ်ပေ မယ့် ၂၃၅ ကီလိုဝပ် သို့မဟုတ် မြင်းကောင် ရေ ၃၁၅ ကောင်အားရှိတဲ့မော်တာကိုတပ်ဆင်ပေးသွားမှာဖြစ်တဲ့အတွက် တစ်ခါ အားသွင်းရုံနဲ့  ကီလိုမီတာ ၈၀၀ ကျော် အထိခရီးပေါက်မှာပါ။

    ဒါ့အပြင် ကားရဲ့အလေးချိန်ကလည်း ၂၃၁၅ ကီလိုဂရမ်ရှိတာကြောင့် အလေး ချိန်များတယ်လို့ဆိုနိုင်ပေမယ့် စွမ်းအင် သုံးစွဲမှုအပိုင်းမှာတော့ ချွေတာနိုင်တယ်လို့ ဆိုပါတယ်။

   YU7 ရဲ့အပြင်ပိုင်းရုပ်ထွက်မှာဆိုရင် အသွင်အပြင်ကချောမွေ့တယ်။ ရှေ့မီးလုံး တွေဆိုရင် ရေစက်ပုံစံမီးလုံးတွေကိုအသုံး ပြုထားတယ်။ သူ့ကို Mid-size SUV ရဲ့ ကိုယ်ထည်ပေါ်မှာအထိုင်ပြုထားတာဖြစ် ပြီး ကားဘီးတွေရဲ့အကွာအဝေးကလည်း ၃၀၀၀ မီလီမီတာရှိပါတယ်။

    နည်းပညာအပိုင်းမှာဆိုရင် Xiaomi က ထုတ်လုပ်တာဖြစ်တဲ့အတွက် သူမတူတဲ့ အားသာချက်တွေရှိတာအမှန်ပါပဲ။ ဒါတင် မကသေးပါဘူး။ ဗို့အား ၈၀၀ နဲ့အားသွင်း စနစ်လည်းပါဝင်ပါသည်။

DOCA(ဧရာဝတီ)