
လယ်ပတူရွက်ဆိုသည်မှာ ကနဖော့ကဲ့သို့ အရိုးပျော့ပျော့လေး အရွက်ဖားဖားလေးနှင့် အပင်ပျော့တစ်မျိုးဖြစ်ပါသည်။ ပန်းများပွင့်သလို ရေငန်တိုးသော နေရာများတွင် ရေမြောင်းစပ် ချောင်းစပ်နေရာများတွင်လည်း ပေါက်ရောက်ကြပါသည်။ ပန်းပွင့်လေးများမှာ ခရမ်းရောင် ခပ်ဖျော့ဖျော့လေးများ ဖြစ်ကြပါသည်။ အပင်၏ပင်စည်ကိုရော အရွက်ကိုပါ စားသုံးပေးနိုင် ပါသည်။ လယ်ပတူတွင် သံဓာတ်ပါဝင်နေသောကြောင့် သွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင် သလို သွေးအားနည်းခြင်းများမဖြစ်ရအောင် ကာကွယ်ပေးပါသည်။ သံဓာတ်ချို့တဲ့သော သွေးအားနည်း ရောဂါခံစားနေရသောသူများအတွက်လည်း အထူးသင့်တော်ပါသည်။ လယ်ပတူ၏ ကျန်းမာရေး အာနိသင်တစ်ခုသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရှိသောသူများတွင် ရုတ်တရက်သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းမျိုး မဖြစ်စေရန်ကာကွယ်ပေးနိုင်ပါသည်။ လယ်ပ တူရွက်တွင် ဓာတ်တိုးဆန့််ကျင်ပစ္စည်းများပါဝင်နေသောကြောင့် ခန္ဓာကိုယ်တွင်းကိုယ်ပမှ ရောင်ရမ်း မှုများကို သက်သာစေနိုင်ပါသည်။ လယ်ပတူရွက်တွင်အမျှင်ဓာတ်များစွာ ပါဝင်နေသောကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်သကဲ့သို့ အစာအိမ် အူလမ်းကြောင်းကျန်းမာ စေနိုင်ရန် အထောက်အကူပေးနိုင်ပါသည်။ လယ်ပတူရွက်ကို စားသုံးပေးခြင်းအားဖြင့် အစာခြေ စနစ်ကို ကျန်းမာစေနိုင်ခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ ကိုယ်ခံအားကိုကောင်းစေခြင်း၊ ဘက်တီး ရီးယားပိုးမွှားများကို တိုက်ဖျက်ပေးနိုင်ခြင်း၊ အကိုက်အခဲကို ပျောက်စေနိုင်ခြင်းနှင့် အနာများကို ကျက်စေနိုင်ခြင်းစသော ကျန်းမာရေးကောင်းကျိုးအဖြာဖြာရရှိနိုင်သော အပင်တစ်မျိုးဖြစ်ပါသည်။