ရာသီစာ ပီလောပီနံဥများ

Powered by Drupal
Fri, 08/29/2025 - 11:35 -- consumer_admin

   ယခုအခါတွင် ရာသီပေါ် ပီလောပီနံဥများ ဈေးကွက်အတွင်းရောက်ရှိလာပြီဖြစ်ပါသည်။ ပီလောပီနံဥများကို အခြေခံ လူတန်းစားများသာမက လူတန်းစားမျိုးစုံ စားသုံးကြပြီး ဟင်းခတ်မှုန့် ပြုလုပ်ရာတွင် လည်းကောင်း၊ တိရစ္ဆာန်အစာများ ပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုကြပါသည်။ ပီလောပီနံဥများကို ပီလောပီနံ နနွင်းမကင်းအဖြစ်လည်းကောင်း၊ ပီလောပီန့ဥ ပေါင်းအဖြစ် လည်းကောင်း ပြုတ်၍ ဆီ၊ ဆားလေးတို့၍ အဆာပြေအဖြစ် စားသုံးကြပါသည်။  ပီလောပီနံဥ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် ထောက်ပံ့မှုကောင်းများစွာရှိကြောင်းကိုလည်း ကျန်းမာရေး ဆိုင်ရာ အသိပညာပေးစာစောင်များတွင် ဖတ်ရှုရပါသည်။ ဈေးကွက်အတွင်း ပေါများစွာရောက်ရှိလာပြီး ဈေးနှုန်းမှာလည်း အသင့်အတင့်ရှိသောကြောင့်  လူတန်းစားမရွေးစားသုံးနိုင်သော ရာသီပေါ် အစား အစာ ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)