ပဲစောင်းလျားသီးစားသုံးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

Powered by Drupal
Fri, 08/29/2025 - 11:34 -- consumer_admin

       ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုဟင်းအဖြစ်လည်းကောင်း အတို့အမြှုပ် အဖြစ်လည်းကောင်း တွေ့ရလေ့ရှိပါသည်။ ပဲစောင်းလျားသီးနုနုလေးများကို ရေနွေးဖျော ပါးပါးလှီး၍ သံပရာသီး၊ ပုစွန်ခြောက်လေးနဲ့ သုပ်စားကြပါသည်။ ပဲစောင်းလျားသီးမှာ ဈေးများတွင် အမြဲရ သော်လည်း အမြဲဝယ်မစားဖြစ်သည့်အထဲတွင် ပါဝင်ပါသည်။ ပဲစောင်းလျားသီးတွင် အချဉ်ဓာတ်လုံးဝ မပါဝင်သော်လည်း ဗီတာမင် C နှင့် ဗီတာမင် A ကြွယ်ဝစွာပါဝင်သော်ကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး အခြားရောဂါပိုးမွှားများ နှင့် ဖျားနာမှုများ အလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ပဲစောင်းလျားသီးတွင် ပရိုတင်းပါဝင်မှုမှာ ပဲပိစပ်နှင့် ဆင်တူပြီး၊ ပဲစောင်းလျားသီး အစေ့၏ ပရိုတင်းပမာဏက ပြောင်းဖူးနှင့် တွဲဖက်စားသုံးခြင်းပါက နွားနို့ကို မီနိုင်သည်ဟု သိရှိရသည့်အတွက် ပဲစောင်းလျားသီးကို စားသုံးသင့်ပါသည်။ ယခုတပတ်တွင် ပဲစောင်းလျားသီး ဈေးနှုန်းမှာ (၁၀) သားလျှင် (၃၀၀) ကျပ်ဖြစ်ပြီး ဈေးကွက်ထဲတွင် ပဲစောင်းလျားသီး အလွန်ပေါများသော အချိန်ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)