မြန်မာနိုင်ငံ၏သဘာဝအလှတရားကိုပိုမိုပေါ်လွင်စေသည့်သစ်ခွပန်းများသည် ပြည်တွင်းသာမက ပြည်ပဈေးကွက်များတွင်ပါစိတ်ဝင်စားမှုမြင့်တက်လာကြောင်း သိရှိရပါသည်။ သစ်ခွစိုက်ပျိုးသူများနှင့် ပန်းကုန်သည်များအနေဖြင့် ပြည်ပသို့ တင်ပို့မှုအလားအလာကောင်းမြင်တွေ့နေရသော်လည်း စနစ်တကျထုတ်လုပ်မှုနှင့် နည်းပညာအကူအညီများ ပိုမိုလိုအပ်နေသေးကြောင်း သုံးသပ်ကြသည်။
မြန်မာ့သစ်ခွပန်းများသည် ထိုင်း၊တရုတ်၊ဂျပန်နှင့်အခြားအာရှနိုင်ငံမျာအပြင် ဥရောပဈေးကွက် အချို့တွင်ပါ ဝယ်လိုအားရှိလာနေသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ သဘာဝတောတောင်များမှ ရရှိသော ရှားပါးသစ်ခွမျိုးစိတ်များသည် နိုင်ငံတကာသစ်ခွချစ်သူများအကြား ရေပန်းစားလျက်ရှိသည်။ မြန်မာ့သစ်ခွတွေကို ထိုင်းဘက်ကနေတစ်ဆင့် ပြည်ပသို့ တင်ပို့နေကြပါသည်။ လက်ရှိတွင်မြန်မာနိုင်ငံ၌ သစ်ခွပန်းများကိုစီးပွားဖြစ် စိုက်ပျိူးထုတ်လုပ်မှုမှာ အားနည်းနေသေးပြီးအများစုမှာ သဘာဝတောတောင်များမှ ရယူစုဆောင်းခြင်းဖြစ်ပါသည်။ ထိုသို့သဘာဝအခြေခံမှရယူခြင်းသည် ရေရှည်တည်တံ့မှုအတွက် စိုးရိမ်စရာဖြစ်ပြီးမျိုးစိတ်အချို့ရှားပါးလာခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ စိုက်ပျိုးနည်းပညာအားနည်းခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရန်ခက်ခဲခြင်း၊ စနစ်တကျထုတ်ပိုးမှုနှင့်သယ်ယူပို့ဆောင်ရေးအခက်အခဲများမှလည်း ပြည်ပဈေးကွက်သို့ ထိုးဖောက်ရာတွင် ရင်ဆိုင်ရသောအဓိကစိန်ခေါ်မှုများဖြစ်သည်။ခေတ်မီနည်းပညာများကို အသုံးပြု၍ စနစ်တကျစိုက်ပျိုးရေးကိုမြှင့်တင်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် မျိုးပွားခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြန်မာ့သစ်ခွဈေးကွက်သည် ကမ္ဘာ့အဆင့်မီ ဖြစ်လာနိုင်ကြောင်း ပန်းပညာရှင်များက ထောက်ပြခဲ့ပါသည်။
( DOCA ဧရာဝတီ)