မြန်မာနိုင်ငံ၏စပါးကျီဟုတင်စားခေါ်ဝေါ်ခြင်းခံရသည့် ဧရာဝတီတိုင်းဒေသကြီးသည် မြစ် ၊ ချောင်း ၊ အင်းအိုင်ပေါများသည့်ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့်ငါးဖမ်းလုပ်ငန်းနှင့်ငါးအခြေခံထုတ်ကုန်များထုတ်လုပ် ခြင်းလုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၏ဒေသခံများအတွက် အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဧရာဝတီတိုင်း၏ငါးပိသည် အရသာရှိပြီးသန့်ရှင်းလတ်ဆတ်သောကြောင့် နာမည်ကျော်ကြားသည်။
ငါးပိပြုလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းဖြစ်သည့်ငါးများကို သန့်ရှင်းလတ်ဆတ်စွာရွေးချယ်ပြီးသေချာစွာစီမံခြင်းကြောင့် အရည်အသွေးမြင့်သောငါးပိများကို ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ငါးပိအမျိုးအစားများစွာရှိရာတွင် ငါးရံ့ငါးပိ၊ ငါးကြင်းငါးပိ၊ ငါးပေါင်းငါးပိ၊ ငါးမြစ်ချင်းငါးပိ၊ မျှင်ငါးပိစသည်တို့ မှာ ထင်ရှားသောငါးပိအမျိုးအစားများဖြစ်သည်။ ငါးပိကို ငါးပိကြော်၊ ငါးပိချက်၊ ငါးပိရည်များအပြင် အခြားဟင်းလျာများစွာတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ ငါးပိတွင်ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်ဓာတ်များအပြင် ဗီတာမင်ဓာတ်များလည်း ကြွယ်ဝစွာပါဝင်သည်။ ငါးပိလုပ်ငန်းသည်ဒေသခံများအတွကအလုပ်အကိုင်အခွင့်အလမ်း များစွာကိုဖန်တီးပေးပြီး ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုပါသည်။ ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသောငါးပိကိုပြည်တွင်းသာမကပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေပေးလျက်ရှိပါသည်။
( DOCA ဧရာဝတီ)