ရေသောက်ခြင်းအကျိုးကျေးဇူး

Powered by Drupal
Fri, 08/22/2025 - 13:15 -- consumer_admin

   ရေသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်တွင်၆၀ရာနှုန်းကျော်သည် ရေဖြစ်ပြီး၊ ခန္ဓာကိုယ်အတွင်းအားလည်ပတ်မှု၊ အစာအိမ်အလုပ်လုပ်မှု၊ ဦးနှောက်စွမ်းဆောင်ရည်မြှင့်တင်မှုစသည့် အရေးပါသော ကျန်းမာရေးအစိတ်အပိုင်းများအတွက် များစွာအရေးကြီးပါသည်။

    နေ့စဉ်ရေလုံလောက်စွာမသောက် သုံးခြင်းသည် ပင်ပန်းနွမ်းနယ်မှု ၊ မှတ်ဉာဏ်စွမ်းရည် နည်းပါး ခြင်း၊ နှလုံးခုန်မြန်ခြင်း စသည့်ပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရပါသည်။ လူတစ်ဦးချင်းစီ အလိုက် ရေသောက်သုံးရမည့်ပမာဏကွာခြားသော်လည်း၊ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ရေ၈ခွက်မှ၁၀ခွက်အထိ သောက်သုံးသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြံပြုထားသည်။ ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကိုထိန်းညှိပေးခြင်း၊ အာဟာရဓာတ် များကိုသယ်ယူပို့ဆောင်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ် အတောက်များကို ဖယ်ရှားပေးခြင်း၊ အသားအရေကို စိုပြေလှပစေခြင်း၊ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ရေဓာတ် ခန်း‌ခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် အားအင်ကုန်ခန်းခြင်းတို့ကိုဖြစ်ပေါ်စေနိုင်သောကြောင့် အထူးသဖြင့်ပူပြင်းသည့်ရာသီဥတုတွင်  ရေကို ပုံမှန်သောက်သုံးပေးရန် အရေးကြီးသည်။ ထို့ကြောင့် မိမိ၏နေ့စဉ်အချိန်ဇယားထဲတွင် “ရေသောက်ခြင်း” ကိုထည့်သွင်း စဉ်းစားဖို့အရေးကြီးပါသည်။

( DOCA ဧရာဝတီ)