လယ်ပုစွန်လုံး (ခေါ်‌) ဖောင်စီးဂဏန်း အကြောင်း

Powered by Drupal
Wed, 08/20/2025 - 16:06 -- consumer_admin

    ယခုမိုးရာသီတွင် ဂဏန်းလုံးများ ပေါများစွာရရှိနိုင်ပြီး ဂဏန်းလုံးများကို ယာတောဟင်း (ခေါ်) ကျေးလက်ဒေသဟင်းအဖြစ် ချက်ပြုတ်စားသောက်ကြပါသည်။ လယ်ပုစွန်လုံး လယ်ဂဏန်းလုံးကို ဖောင်စီးဂဏန်းဟုလည်း ခေါ်ဆိုကြပြီး လယ်ကွင်းပြင်၊ စိမ့်စမ်း၊ မြေပြင်စိုစွတ်သော နေရာများတွင် အဓိကနေထိုင်ကျက်စားပါသည်။

    လယ်ဂဏန်းလုံးသည် ပင်လယ်ဂဏန်းလုံးထက် သေးငယ်သော်လည်း အရသာပိုရှိပြီး စား၍ ပိုကောင်းပါသည်။ လယ်ဂဏန်းလုံးကို ဟင်းရည်သောက်အဖြစ်ချက်စားခြင်း၊ ကြော်စားခြင်း စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို ချက်ပြုတ်စားသောက်နိုင်ပါသည်။ တောင်ငူမြို့၊ ညောင်ပင်လေးဈေးထဲတွင် လယ်ဂဏန်းလုံး ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။

DOCA(ပဲခူး)