သစ်တော်သီးအ​ကြောင်းသိကောင်းစရာ

Powered by Drupal
Tue, 08/19/2025 - 12:03 -- consumer_admin

     သစ်တော်သီးသည် အခွံမှာအညိုရောင်ဖြစ်၍ အထဲအသားမှာဖြူကာ စားသုံးကြည့်ပါက ကြွပ် ဆတ်၍ ချိုချဉ်အရသာရှိပါသည်။ သစ်တော်သီးတွင် အာဟာရဓာတ်များစွာပါဝင်ပြီး  ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါသည်။ သစ်တော်သီးတွင် ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီ၊ ကာဗို ဟိုက်ဒရိုက်၊ ဗီတာမင် စီ၊ ဗီတာမင်ကေဓါတ်တို့ များစွာပါဝင်ပြီး ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင် သည့်အပြင် အဝလွန်ရောဂါဖြစ်ပွားမှုကိုလည်း နည်းပါးစေပါသည်။ သစ်တော်သီးသည် အမျှင်ဓါတ် များစွာပါဝင်သည့်အတွက် သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးယုံသာမက  တစ်နေ့တစ်လုံးပုံမှန် စားသုံးပါက သွေးဖိအားကိုလည်း ထိန်းပေးနိုင်ပါသည်။ ထို့အပြင် သစ်တော်သီးသည် ကိုလက်စထ ရောဓါတ်များကို လျော့ကျပေးသည့်အပြင် အသည်းရောဂါ၊ နှလုံးရောဂါများအတွက် အလွန်ကောင်း မွန်ပြီး ကင်ဆာရောဂါနှင့် အစာမကြေခြင်းရောဂါများ၊ ဆီးချိုရောဂါများအတွက် စားသုံးရန် သင့်တော် သည့်အသီးတစ်မျိုးဖြစ်ပါသည်။ တန်ဆေးလွန်ဘေးဟူသည့်စကားပုံအတိုင်း သစ်တော်သီးအား အလွန် အကျွံစားသုံးမိပါက လေချုပ်ခြင်းမျိုး ဖြစ်စေနိုင်ပါသည်။ သစ်တော်သီးများကို ရှမ်းပြည်နယ်၊ တောင်ပိုင်း အောင်ပန်းမြို့၊ ပင်လောင်းမြို့၊ နောင်တရားမြို့တို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိပြီး သစ်တော်သီး တစ်လုံးလျှင်(၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါကြောင်း သစ်သီးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)