ယခုအခါ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ကြောင်လျှာသီးများ ပေါများလာပြီဖြစ်သည့် အလျောက် ဈေးကွက်အတွင်းကြောင်လျှာသီးများကို များပြားစွာတွေ့ရှိလာရပါသည်။ သဘာဝက ပေးသော အော်ဂဲနစ်အစားအစာတစ်မျိုးအဖြစ် ကြောင်လျှာသီးအား အစိမ်းတို့ခြင်း၊ အစိမ်းပါးပါး လှီးကာဆီချက်၊ ပဲမှုန့်တို့ဖြင့် သုပ်စားခြင်း၊ မီးဖုတ်၍ ငပိရည်ဖြင့် ချက်စားခြင်းများ ပြုလုပ်စားသောက် ကြပါသည်။ ကြောင်လျှာသီးစားသုံးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးအပြင် ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးကြောင်းလေ့လာမှုအရ သိရှိရပါသည်။ သဘာဝဆေးဘက်ဝင်အသီးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက် မလိုအပ်သော ဘတ်တီးရီးယားများကိုလည်း ချေဖျက်ပေးကြောင်း သိရပါသည်။ ထို့ကြောင့် ကြောင်လျှာသီးသည် ကျန်းမာရေးအတွက် စားသုံးသင့်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)