ရာသီပေါ် ပန်းထိမ်ငိုပန်း

Powered by Drupal
Sat, 08/16/2025 - 17:09 -- consumer_admin

ပန်းထိမ်ငိုပန်း

     ပန်းအလှကို ပန်းထိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်ငိုပန်းသည် သုံးရာသီရှိသော မြန်မာ့ရေမြေတွင် မိုးကာလတွင် ပွင့်လန်းသည့် ပန်းတစ်မျိုးဖြစ်သည်။ ဘုရား ပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထားအလှဆင်သော ပန်းတစ်မျိုးလည်း ဖြစ်ပါသည်။ ထို့အပြင် ပန်းထိမ်ငိုပန်းသည် ပန်းစိုက်သူတို့အတွက် တွက်ခြေကိုက်သော ပန်းတစ်မျိုးလည်း ဖြစ် ပါသည်။    ပန်းထိမ်ငိုပန်းသည် တစ်ထပ်ပန်းထိမ်းငို၊ နှစ်ထပ်ပန်းထိမ်ငို၊ သုံးထပ်ပန်းထိမ်ငိုဟု ၃ မျိုး ရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်း၏အ‌ရောင်များမှာ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင် စသည်ဖြင့်ရှိသည်။

ခူးစွတ်ရာသီ

       ဧပြီလတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်ခူးဆွတ်ရောင်းချကြသည်။ ဇွန်လနှင့် ဇူလိုင်လတို့သည် ပန်းထိမ်ငိုပန်းများ လှိုင်လှိုင်ပွင့်သောလဖြစ်သဖြင့် ဈေးများတွင် အများဆုံး ရောင်းချလျက်ရှိသည့် ရာသီပေါ်ပန်းလည်းဖြစ်သည်။

ပေါက်ရောက်ရာဒေသများ

          ပန်းထိမ်ငိုပန်းသည် ပူနွေးပြီးစွတ်စိုသောရာသီဥတုရှိသည့် အရှေ့တောင်အာရှနိုင်ငံများ တွင် အများဆုံးပေါက်ရောက်သည်။  မကွေးတိုင်းဒေသကြီးအတွင်းတွင် မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ တောင်တွင်းနှင့် နတ်မောက်မြို့နယ်များရှိကျေးရွာများ၌ တစ်ပိုင်တစ်နိုင် အများဆုံးစိုက်ပျိုးကြ သည်။

ဈေးနှုန်းဈေးကွက်

     ပန်းထိမ်ငိုပန်းကို အများအားဖြင့် မကွေးမြို့၊ တောင်တွင်းကြီးမြို့များသို့ အများဆုံး တင်ပို့ကြသည်။ မကွေးမြို့တွင် ပန်းထိမ်ငိုပန်းတစ်ခိုင်လျှင် ကျပ်(၅၀ဝ)၊ ငါးခိုင်တစ်စည်း လျှင် ကျပ်(၂၅၀ဝ)၊ ဆယ်ခိုင်တစ်စည်းလျှင် ကျပ်(၅၀၀ဝ)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပန်း ထိမ်ငိုပန်းသည် စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တွက်ချေ ကိုက်၍အကျိုးအမြတ်များစွာရရှိသဖြင့် စိုက်ပျိုးတောင်သူများအတွက် တွက်ခြေကိုက်သော ရောင်း တန်းဝင် ပန်းပင်တစ်မျိုးလည်းဖြစ်သည်။  

DOCA(မကွေး)