ဒူးရင်းသီးဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် နေ တိုင်ကြားသူတစ်ဦးသည် မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်း ကုန်းဆင်း၊ မင်းလမ်းလိပ်စာဖြင့် အစားအသောက်ကုန်ပစ္စည်း များ ရောင်းဝယ်ရေးလုပ်သော Facebook အကောင့်တစ်ခုမှ ၂၃-၇-၂၀၂၅ ရက်နေ့တွင် ဒူးရင်းသီးဝယ်ယူခဲ့ပြီး ငွေကျပ် ၅၀,၀၀၀/ -လွှဲပေးပြီးနောက် ပစ္စည်းရောက်မလာသည့်အတွက် စားသုံးသူရေးရာဦးစီး ဌာန၏ Website Complaint System မှတဆင့် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ဌာနမှတာဝန်ရှိသူများက ၂၆-၇-၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူပေးထားသော လိပ်စာအရ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သော်လည်း ဒူးရင်း သီးရောင်းချသူမရှိကြောင်း တွေ့ရှိရပါသည်။ တိုင်ကြားခံရသည့် Facebook အကောင့်သို့ ဝင်ရောက် လေ့လာကြည့်ရာတွင် သစ်သီးအော်ဒါများအား ပစ္စည်းပေးပို့သော သုံးဘီးမောင်းသူမှ လိမ်လည်သွား သည့်အတွက် အော်ဒါတင်ထားသူများအား ၃၁-၇-၂၀၂၅ ရက်နေ့တွင် ငွေပြန်အမ်းပေးသွားမည်ဖြစ် ကြောင်း လုပ်ငန်းရှင်၏ Facebook စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရှိရသည့်အတွက် တိုင် ကြားသူထံမှ လုပ်ငန်းရှင်၏ဖုန်းနံပါတ်အား တောင်းယူ၍ဆက်သွယ်ရာ လုပ်ငန်းရှင်မှာ မန္တလေးတိုင်း ဒေသကြီးတွင် နေထိုင်၍ အွန်လိုင်းဖြင့် ဒူးရင်းသီးရောင်းချနေကြောင်း သိရှိရပါသည်။ သထုံခရိုင်ရုံးမှ တာဝန်ရှိသူက ၂၉-၇-၂၀၂၅ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်ထံ ဆက်သွယ်ညှိနှိုင်းရာတွင် တိုင် ကြားသူသို့ ဒူးရင်းသီးဖိုးငွေကျပ် ၅၀,၀၀၀/-အား ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပြီး K Pay ဖြင့် ငွေပြန်လည်လွှဲပေးခဲ့ကြောင်း၊ တိုင်ကြားသူမှလည်း K Pay ဖြင့် ငွေပြန်လည် လက်ခံရရှိပြီးဖြစ်ကြောင်း၊ စားသုံးသူများ၏ အခက်အခဲများအား အလျင်မြန်ဆုံး ဖြေရှင်းပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ ဌာနမှဆောင်ရွက်ပေးခဲ့မှုအပေါ် ကျေနပ်မှုရှိပါကြောင်း ပြောကြားခဲ့ ပါသည်။ လုပ်ငန်းရှင်ကိုလည်း အွန်လိုင်းဖြင့် အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက တရားဝင်အွန်လိုင်း မှတ်ပုံတင်လက်မှတ်ရရှိပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်မရှိဘဲ အွန်လိုင်းရောင်း ဝယ်မှုပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။