
ပန်းဂေါ်ဖီဆိုသည်မှာ အရိုးတံစိမ်းစိမ်း အရွက်ဖက်စိမ်းစိမ်းလေးရှိပြီး အဖြူရောင်အပွင့် အခက်လေးများ အဆုတ်လိုက်ပွင့်သော အစားအစာတစ်မျိုးဖြစ်သည်။ ပန်းဂေါ်ဖီကို ကြက်ဉ၊ ဘဲဉ၊ ပုစွန်ခြောက်လေးများဖြင့်လည်းကြော်စားပါက အလွန်စားကောင်းပါသည်။ ပန်းဂေါ်ဖီသည် အဖြူ ရောင်(သို့မဟုတ်) စိမ်းဖန့်ဖန့်အရောင်ရှိပြီး အမျှင်ဓာတ်ကြွယ်ဝသလို ဗီတာမင်C၊ ဗီတာမင်K၊ အရောင်ကျစေနိုင်သောအာနိသင်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပါသည်။ ပန်းဂေါ်ဖီ တွင်ဗီတာမင်C ပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေပြီး ဗီတာမင်K ပါဝင်သောကြောင့် သွေးတိတ်စေရန်နှင့် အရိုးအဆစ်များသန်မာစေရန် အထောက်အကူပြုပေးသလို ကယ်လ်လိုရီပါဝင် မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်သလို အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေရန်လည်းအထောက်အကူပြုပါသည်။ ပန်းဂေါ်ဖီထုပ်တွင် စိတ်ရောကိုယ် ပါကျန်းမာစေနိုင်သည့် အာဟာရဓာတ်များဖြစ်သည့် ဗီတာမင်B၊ ဖော့စဖရိတ်၊ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ် နှင့်ပိုတက်ဆီယမ်တို့လည်းပါဝင်သောကြောင့် နှလုံးကျန်းမာစေနိုင်သလို အချို့သော ကင်ဆာရောဂါ များမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။ ထိုသို့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်သော ပန်းဂေါ်ဖီထုပ်ကို မြင်းခြံမြို့၊ စံပြဈေးတွင် တစ်ထုပ်လျှင်(၂၅၀၀-၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)