ငရုတ်သီးစိမ်းစားခြင်း၏ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Fri, 08/15/2025 - 14:16 -- consumer_admin

    ငရုတ်သီးစိမ်းဟု ကြားလိုက်ရုံဖြင့် တရူးရူးမျက်ရည်တရွှဲရွှဲ ဖြစ်စေသောအစားအစာလို့သာ လူတိုင်းကသိကြပါသည်။ ငရုတ်သီးစိမ်းကိုကြိုက်နှစ်သက်သူများအတွက် ခံတွင်းမြိန်စေသော အစား အစာတစ်မျိုးဖြစ်ပါသည်။ ငရုတ်သီးစိမ်းတွင်ရေဓာတ်ပါဝင်ပြီး  ကိုလက်စထရောမပါသည့် အတွက် ကျန်းမာရေးအတွက် အကျိုးပြုစေပါသည်။ ငရုတ်သီးစိမ်းတွင် ဗီတာမင်C ၊  ဗီတာမင်A ၊  ဗီတာမင်B6 ၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကော့ပါးတို့အပြင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် ဓာတ် အနည်း အငယ်ပါဝင်ပါသည်။ ငရုတ်သီး၏ပူစပ်ရခြင်းမှာ Capsaicin ဟုခေါ်သော အပူအစပ်အရသာကို ဖြစ်ပေါ်စေသော ဓာတ်တစ်မျိုးပါဝင်ခြင်းကြောင့်ဖြစ်သည်။ ငရုတ်သီးစိမ်းသည် အစာခြေအဖွဲ့ အစည်းအတွက် အထောက်အကူပြုခြင်း၊ အသားအရေကိုကျန်းမာစေခြင်း၊ အစာခြေစနစ်အတွက် ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်လျော့ချနိုင်ခြင်းနှင့် ဆီးချိုအတွက်အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။ 

DOCA(မန္တလေး)