
အာဟာရမျှတပြီး ကျန်းမာရေးအတွက်ကောင်းကျိုးများစွာပေးနိုင်သော အစားအစာများထဲ တွင် မုန်လာဉနီသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အစိမ်းလိုက်ဝါးစားလို့ရပြီး အရသာလည်းရှိသလို ဗီတာမင်များစွာလည်းပါဝင်ပါသည်။ မုန်လာဉနီတွင် ကင်ဆာရောဂါနှင့်နှလုံးသွေးတိုးရောဂါများကို ကာကွယ်ပေးနိုင်သည့် antioxidant အပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်ဆီယမ်၊ အစရှိသည့် သတ္ထုဓာတ်များနှင့် နေ့စဉ်အာဟာရအတွက်မရှိမဖြစ်ထည့်စားသင့်သော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။ မုန်လာဉနီ၏ကျန်းမာရေးကောင်းကျိုးများမှာ ကင်ဆာရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း၊ အမြင်အာရုံကြည်လင်စေခြင်း၊ ဆီးချိုကိုထိန်းပေးနိုင်ခြင်းနှင့် ကိုယ်ခံအားကောင်းစေခြင်း စသည့် ကျန်းမာရေးဆိုင်ရာအထောက်အကူများကိုရရှိစေနိုင်ပါသည်။
DOCA(မန္တလေး)