
ခရမ်းသီးတွင် ဗီတာမင်၊ အာဟာရဓာတ်များနှင့် အမျှင်ဓာတ်များစွာပါဝင်ပါသည်။ နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးများကိုအကျိုးပြုသည့်အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေ ပါသည်။ ခရမ်းသီး၏ကောင်းကျိုးများစွာထဲမှ တစ်ချက်မှာ အဆီဓာတ်မပါရှိခြင်းဖြစ်ပါသည်။ ခရမ်းသီးကို မီးဖုတ်စားခြင်း၊ ဟင်းချက်စားခြင်းဖြင့်မျိုးစုံအသုံးပြုချက်ပြုတ်စားသောက်နိုင်ပါသည်။ ခရမ်းသီး၏ ကျန်းမာရေးကောင်းကျိုးများမှာ နှလုံး၏လုပ်ဆောင်ချက်များကိုကောင်းစေခြင်း၊ ဦးနှောက်ကိုကာကွယ်ပေးခြင်း၊ အမျိုးအစား(၂) ဆီးချိုကိုထိန်းချုပ်ပေးနိုင်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ အသားအရေလှပစေခြင်း၊ အရိုးသန်မာစေခြင်း၊ သံဓာတ်လွန်ကဲခြင်းကို လျော့ချပေးနိုင်ခြင်း၊ စိတ်ကျရောဂါလက္ခဏာများကိုသက်သာလျော့ပါးစေခြင်းနှင့်အစာခြေစနစ်ကို ကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။
DOCA(မန္တလေး)