
ဂေါ်ဖီထုပ်သည် မြန်မာလူမျိုးတို့၏ အစားအစာတော်တော်များများတွင် ပါတတ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို အသုပ်ထဲတွင်ထည့်စားခြင်း၊ ကြော်စားခြင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်ထဲတွင်ထည့်စားလေ့ရှိကြပါသည်။ ဂေါ်ဖီထုပ်တွင် ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ပရိုတင်း၊ ဗီတာမင်C၊ ဗီတာမင်K၊ ဗီတာမင်A၊ ဗီတာမင်B6 ၊ ကယ်လ်ဆီယမ် ၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဖော်လိတ်ဓာတ်များ ကြွယ်ဝ စွာပါဝင်ပါသည်။ ဂေါ်ဖီထုပ်စားသုံးခြင်းဖြင့် ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ ကင်ဆာရောဂါများမှကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေစနစ်ကိုကျန်းမာစေခြင်း၊ အဝလွန်ခြင်းမှကာကွယ်ပေးခြင်းနှင့် သွေးတိုးကျစေခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာကိုရရှိစေနိုင်ပါသည်။
DOCA(မန္တလေး)