
လူတို့နေ့စဉ် စားသုံးကြသော ဟင်းသီးဟင်းရွက်များထဲတွင် ဗီးစပ်ရွက်သည် ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုသော အရွက်တစ်မျိုးဖြစ်သည်။ ဗီးစပ်ပင်သည် အလေ့ကျပေါက် သော အပင်ငယ်တစ်မျိုးဖြစ်ပြီး အရွက်လေးများသည် အရွက်ချွန်ပြီးအနားတွန့်သော အရွက်အမျိုးအစား ဖြစ်သည့်အပြင် အရွက်လေးများတွင် မွှေးညှင်းပါးပါးလေးများ ပါရှိသည်။
စပ်ရှားရှားအရသာရှိသောဗီးစပ်ရွက်ကို ရေစင်အောင်ဆေး၍ နေရောင်အောက်တွင် အခြောက် ခံပြီး ရေနွေးလိုသောက်ပေးရုံဖြင့် ကိုက်ခဲမှုကိုသက်သာစေနိုင်ခြင်း၊ သွေးတိုးတက်သူများအတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း ၊ ကိုယ်တွင်း၊ သွေးတွင်း ကိုလက်စထရောကျဆင်းစေခြင်း၊ ယူရစ် အက်ဆစ်ပမာဏကို ထိန်းညှိပေးခြင်း၊ နှလုံးကိုကျန်းမာစေနိုင်သည်ဟု လေ့လာသိရှိရသည်။
စားသုံးမှုပုံစံအနေဖြင့် ဗီးစပ်ရွက်ကိုပြုတ်၍တို့စရာအဖြစ်လည်းကောင်း၊ အချဉ်ဟင်းများ ချက်စားရာတွင်လည်းကောင်း၊ ငါးတစ်မျိုးမျိုးဖြင့် ချက်စား၍သော်လည်းကောင်း နှစ်သက်ရာစားသုံး ကြသည်။ ဈေးကွက်အတွင်း ဗီးစပ်ရွက် ၁၀ညွှန့်ပါ ၁ စီးလျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့်အတွက် စားသုံးသင့်ပါသည်။
DOCA(ပဲခူး)