ဗာဒံစေ့စားသုံးခြင်းဖြင့်ကျန်းမာရေးအတွက် အကျိုးပြုနေ

Powered by Drupal
Wed, 08/13/2025 - 10:04 -- consumer_admin

ဗာဒံပင်သည် အပူပိုင်းနှင့်သမပိုင်းရာသီဥတုရှိသော ဒေသများတွင် ပေါက်ရောက်လေ့ရှိပြီး အကြီးမြန်သော အပင်တစ်မျိုးဖြစ်ကာ အရွက်များကလည်း တစ်ဆင့်ပြီးတစ်ဆင့် အတက်မြန်သောကြောင့် မြန်မာနိုင်ငံတွင် အရိပ်ရအပင်အဖြစ် စိုက်ပျိုးကြပါသည်။ အပင်အောက်သို့ကြွေကျလာသော ဗာဒံသီးများ ကို ထုခွဲပြီး ဗာဒံစေ့များကို စားသုံးကြသလို စီးပွားဖြစ်လည်း ဗာဒံစေ့များကို ရောင်းချကြပါသည်။ ဗာဒံပင်အမျိုးအစားနှစ်မျိုးရှိပြီး ချိုသောဗာဒံသည် စားသုံးရန် သင့်တော်ပြီး ခါးသောဗာဒံသည် အဆိပ် အတောက် ပါဝင်သောကြောင့် စားသုံးရန် မသင့်တော်ပါ။ ဗာဒံစေ့သည် ကျန်းမာရေးအတွက် အထူး ကောင်းမွန်သော အစေ့အဆန်တစ်မျိုးဖြစ်ပြီး အာဟာရ ဓာတ်များစွာလည်းပါဝင်ပါသည်။

ဗာဒံစေ့ကို အစိမ်းစားခြင်း၊ မုန့်ပဲသရေစာများထဲတွင်ထည့်သွင်းအသုံးပြုခြင်း၊ ဗာဒံစေ့ဖျော်ရည်၊ ဗာဒံအဆီ အနှစ်များကို အရေပြားနှင့်ဆံသားထိန်းသိမ်းရာတွင် အသုံးပြုကြပါသည်။ ဗာဒံစေ့ရောင်းချ သူများသည် ဗာဒံစေ့ များကို စုဆောင်းပြီး ရေငွေ့လျှော့ချရန် နေပူတွင် အခြောက်လှန်းကာ ဈေးကွက်ထဲ တွင် စီးပွားဖြစ် ရောင်းချနိုင်ရန် သေသပ်စနစ်ကျစွာဖြင့် အဆင့်ဆင့်ထုပ်ပိုးကြပါသည်။ ဗာဒံစေ့ စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကောင်းမွန်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးနိုင်ခြင်း၊ အစာခြေစနစ် ကောင်းမွန်စေခြင်း စသည့်ကျန်းမာရေး အကျိုး ကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။ အရသာမှာစိမ့်စိမ့်လေးဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူ ပြုသောကြောင့် ဗာဒံစေ့များကို နေ့စဉ်သင့်တင့်မျှတစွာ စားသုံးပေးသင့်ပါသည်။

DOCA(ပဲခူး)