ငှက်ပျောပင်စည်မှရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Tue, 07/29/2025 - 15:10 -- consumer_admin

   ငှက်ပျောပင်စည်သည်လည်း ငှက်ပျောသီးကဲ့သို့ ပိုတက်ဆီယမ်(K)နှင့် ဗီတာမင် B6 အထူးကြွယ်ဝပြီး အမျှင်ဓာတ်အထူးမြင့်မားသည့်အတွက် ကျန်းမာရေးအကျိုးပြုရာတွင် ပါဝင် ပါသည်။ ငှက်ပျောသီးစားလျှင် ကျန်းမာရေးအကျိုးရှိသည်ဆိုတာ လူတိုင်းသိသော်လည်း ငှက်ပျော ပင်စည်စားလျှင်ကျန်းမာရေးအတွက် အကျိုးရှိသည်ဆိုကြောင်း သိပ်သတိမထားမိကြပါ။ ငှက်ပျောပင်စည်ဖျော်ရည်ကို တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ကျောက်ကပ်ရောဂါတည်ခြင်းမဖြစ်ပွားပါဘူး။ ငှက်ပျောပင်စည်သည် ဆီးနှင့်ပတ်သတ်သော ရောဂါကို တွန်းလှန်နိုင်သောသတ္တိရှိပြီး ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း တစ်လျှောက်ကျောက် ရှိနေပါက ကျောက်၏အရွယ်အစားကို သေးငယ်သွားစေနိုင်ကာ အပြင်သို့စွန့်ထွက်သွားစေပါသည်။ ယခုအခါတွင် သဲခြေကျောက်တည်သမားများကို တစ်ပတ်တစ်ခါငှက်ပျောပင်စည်စားသုံးစေခြင်းကို ဆရာဝန်များကပင် ထောက်ခံချက်ပေးထားကြောင်းသိရပါသည်။

    အမျှင်များပြည့်ဝစွာပါဝင်နေသော ငှက်ပျောပင်စည်ကို တစ်ပတ်လျှင် တစ်ခွက်သောက် သုံးပေးခြင်းဖြင့် ရေရှည်တွင် ကိုယ်ရေစစ်သွားနိုင်ပါသည်။ ဝမ်းချူပ်နေသူ များအတွက် ငှက်ပျောပင်  စည်ဖျော်ရည်ကို သောက်သုံးပေးမည်ဆိုလျှင် ဝမ်းမှန်စေနိုင်ပါသည်။  ငှက်ပျောပင်စည်ကို အစိမ်းသုတ်စားခြင်း၊ ဖျော်ရည်သောက်သုံးခြင်း၊ ချက်ပြုတ်စားသောက်ခြင်းအတွက် မည်သည့် ဆိုးကျိုးကိုမျှမပေးတတ်သော သဘာဝအစားအစာဖြစ်သောကြောင့် အာဟာရအတွက်ဖြစ်စေ၊ ကျန်းမာရေး အကျိုးရရှိစေသော နည်းလမ်းကောင်းများသာ ဖြစ်သည့်အတွက် ကျန်းမာရေး အတွက်အသုံးပြုကြပါဟု ပြောကြားလိုပါသည်။

DOCA(ပဲခူး)