
ဝါးပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်ပြီး အမျိုးအစားလည်း များပြား ပါသည်။ ဝါးအမျိုးအစား(၇၅) မျိုးရှိသည်ဟုပညာရှင်များက သုတေသနပြုစုဖော်ပြထားပါသည်။ ထို အမျိုးအစားများစွာထဲမှ ခရင်ဝါး၊ ဝါးဘိုးဝါး၊ ဝါးနက်ဝါး၊ ကြသောင်းဝါး၊ ကျိန်ပိုက်ဝါး(ခေါ်)တင်းဝါး များမှာလူသိများပါသည်။ ခရင်ဝါးသည် အပေါများဆုံးဝါးဖြစ်ပြီး ဝါးဘိုးဝါး၊ ဝါးနက်တို့လို ဟိုတစ်စု၊ ဒီတစ်စုစသည်ဖြင့် အရုံလိုက်ပေါက်ခြင်းမျိုးမဟုတ်ဘဲ တောအလိုက်ပေါက်ပါသည်။ တစ်တောင်လုံး (သို့မဟုတ်)တစ်တောလုံး ခရင်ဝါးချည်း ပေါက်နေတတ်ပါသည်။ ဝါးပိုးဝါး၊ ဝါးနက်၊ ကြသောင်းဝါး တို့သည်အရုံလိုက်ပေါက်ကြပြီး ဝါးပိုးဝါးတစ်ရုံဆိုလျှင် အပင်(၁၀)ပင်၊(၁၅)ပင်စသည်ဖြင့်ပေါက် တတ်ကြသည်။ နှစ်စဉ်ပေါက်တတ်ကြပြီး ကုန်သွားတယ်ဆိုတာမရှိပါ။ ဝါးတွေထဲတွင် ဝါးပိုးဝါးသည် အကြီးဆုံးဖြစ်ပြီး ပေ(၆၀၊၇၀၊၈၀) အထိရှည်ကြသည်။ ဝါးပိုးဝါးပြီးလျှင် ဝါးနက်သည် ဒုတိယအကြီး ဆုံးဖြစ်ပြီး ခရင်းဝါးသည် အလုံးသေးပါသည်။ သစ်ပင်တစ်ပင်ကြီးရင့်ရန်နှစ်(၆၀) လောက်အချိန် လိုအပ်သော်လည်း ဝါးပင်တစ်ပင်ကြီးရင့်ရန် ရက်ပေါင်း (၆၀)သာလိုအပ်ပါသည်။ ဝါးပင်၏အသုံး ဝင်မှုတန်ဖိုးမှာ အလွန်ကြီးမားပါသည်။ ဝါးကိုအသုံးပြုသောနေရာများမှာ ပြောမကုန်အောင် များပြားကျယ်ဝန်းလှပါသည်။ ဝါးအသုံးပြုသောအဓိကနေရာများမှာ စားသောက်ကုန်အဖြစ် အသုံးပြုခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများအဖြစ်အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တွင် အသုံးပြုခြင်း၊ ဆေးဝါးအဖြစ်အသုံးပြုခြင်း၊ လူသုံးကုန်ပစ္စည်းများတွင်အသုံးပြုခြင်း စသည်ဖြင့် ဝါးသည်နေရာတော်တော်များများတွင် အသုံးဝင်ပါကြောင်းစာပေများမှ လေ့လာမှတ်သားရပါသည်။
DOCA(မန္တလေး)