ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

Powered by Drupal
Wed, 07/23/2025 - 11:34 -- consumer_admin
ဘလူးဘယ်ရီသီးများသည် အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အသီးအနှံဖြစ်ပါ သည်။ ကယ်လ်လိုရီနည်းပြီး ကျန်းမာရေးအတွက်အကျိုးဖြစ်ထွန်းစေသော အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ဘလူးဘယ်ရီသည် ဘယ်ရီသီးတွေကြားတွင် အာဟာရဓာတ်အသိပ်သည်းဆုံးဟု ဆိုနိုင်ပါသည်။ ဘလူးဘယ်ရီသီးတွင် အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ မဂ္ဂနိစ်၊ ကယ်လ် လိုရီနှင့် ကာဗိုဟိုက်ဒရိတ်တို့ပါဝင်ပါသည်။ ဘလူးဘယ်ရီသီးကိုစားသုံးပေးခြင်းဖြင့် အိုမင်းရင့်ရော် ခြင်းမှကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါများမဖြစ်အောင်ကာကွယ်ပေးခြင်း၊ မျိုးရိုးဗီဇ ထိခိုက်ပျက် စီးခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုလက်စထရောကျစေခြင်း၊ သွေးတိုးကျစေခြင်း၊ နှလုံးရောဂါမဖြစ် အောင်ကာကွယ်ပေးခြင်း၊ ဦးနှောက်၏လုပ်ငန်းတာဝန်များကိုကောင်းစေပြီး မှတ်ဉာဏ်တိုးတက် စေခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှကာကွယ်ပေးခြင်း၊ ကြွက်သားများထိခိုက်ပျက်စီးဆုံးရှုံးမှုကို လျော့ကျစေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေနိုင်ပါသည်။ DOCA(မန္တလေး)