သရက်သီးကပေးသောကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Wed, 07/23/2025 - 11:32 -- consumer_admin
အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်ဟုဆိုသည့်အတိုင်း အသီးတွေထဲတွင် သရက်သီးသည် အကောင်းဆုံးဟု ရှေးလူကြီးများကဆိုခဲ့ကြပါသည်။ သရက်သီးသည် အနံ့၊ အရသာ သာမက အရောင်အဆင်းပါပြည့်စုံသော အသီးတစ်မျိုးဖြစ်ပါသည်။ သရက်ပင်ကိုလွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်တွင် ရှင်သန်ပေါက်ရောက်နေခဲ့ပြီး ဟိမဝန္တာဒေသ သည် သရက်ပင်၏ မိခင်ဒေသဖြစ်ပါသည်။ သရက်သီးမျိုးပေါင်း၁၀၀၀ကျော်ရှိပြီး တစ်မျိုးနှင့်တစ်မျိုး အရသာချင်းမတူကြပါ။ အရသာမတူကြသော်လည်း ခန္ဓာကိုယ်ကိုအကျိုးပြုပုံချင်းသည်အတူတူ ဖြစ်ပါသည်။ သရက်သီးကို အစိမ်းတို့စားခြင်း၊ သုပ်စားခြင်း၊ ဆားရည်စိမ်စားခြင်း များလည်းရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နှင့်နယ်စားခြင်းများလည်းရှိပါသည်။ သရက်သီးကိုအမှည့်ခံစားခြင်း၊ သရက် သီးမှည့်ကိုဖျော်ရည်ပြုလုပ်၍ သောက်သုံးခြင်းများလည်းရှိပါသည်။ သရက်သီးမှရရှိနိုင်သောအာဟာ ရဓာတ်များမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ အမျှင်ဓာတ်၊ ကော့ပါး၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ အချိုးမျှတစွာပါဝင်ပါသည်။ သရက်သီးစားသုံးပေးခြင်းဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာများနှင့် အသားအရေလှပချင်သူများအတွက်လည်း စားသုံး ပေးသင့်ပါသည်။ ကွန်ပျူတာများ၊ ဖုန်းအသုံးပြုများသူများအနေဖြင့်လည်း အမြင်အာရုံကောင်းမွန် စေပြီး ကြက်မျက်သင့်ခြင်းနှင့် မျက်လုံးခြောက်သွေ့ခြင်းများမဖြစ်အောင် တားဆီးကာကွယ်ပေးပါ သည်။ သရက်သီးကို အသက်အရွယ်ငယ်လွန်းသော ကလေးများမှလွဲ၍ လူတိုင်းစားသုံးပေးနိုင် ပါကြောင်း စာပေများမှဖတ်ရှု့မှတ်သားရပါသည်။ DOCA(မန္တလေး)