ဂန်ဘိရွက်(ခေါ်)ဒေါက်ခွရွက်

Powered by Drupal
Wed, 07/23/2025 - 11:17 -- consumer_admin
ဂန်ဘိအပင်သည် အလေ့ကျပေါက်သော နွယ်ပင်အမျိုးအစားဖြစ်ပြီး ခြံစည်းရိုးများပေါ်တွင် ပေါက်လေ့ရှိကြသည်။ အစိမ်းရောင်အပင်နှင့်အနီရောင်အပင်ဟူ၍အပင်အမျိုးအစား(၂)မျိုးရှိပြီး အနီ ရောင်အပင်မှအသီးနီနီလေးများကို ကလေးများဖျော်ရည်လုပ်၍ကစားလေ့ရှိကြသည်။ ဂန်ဘိရွက် သည် ကျန်းမာရေးအတွက်လည်းများစွာအထောက်အကူပြုနိုင်ပါသည်။ ဂန်ဘိရွက်ကိုစားသုံးပေး ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျနိုင်ခြင်း၊ ဆံပင်နှင့် အသားအရေကို ကောင်းမွန်စေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ အရိုးကျန်းမာစေခြင်း၊ ကင်ဆာရောဂါအချို့မှလည်းကာကွယ်ပေးခြင်း၊ အညောင်းအညာပြေစေခြင်း၊ အစာချေဖျတ်မှုစနစ်နှင့် အစာအိမ်လေရောဂါများအတွက်ကောင်း မွန်ခြင်း၊ ဝမ်းမှန်ခြင်း၊ သွေးအားနည်းရောဂါမှ ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်နိုင်ချေကိုလျော့ချပေးခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ ဦးနှောက်နှင့်အာရုံကြောစနစ် ကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးများစွာရရှိစေနိုင်ပါ သည်။ ထို့အပြင်ဂန်ဘိရွက်ကို ချဉ်ပေါင်ရွက်နှင့်ရောပြီးချက်စားခြင်း၊ ပုစွန်ဟင်းထဲတွင် ထည့်၍ ချက်စားခြင်း ၊ ဟင်းခါးချက်သောက်ခြင်းများ လည်းရှိပါသည်။ မသိသူကျော်သွား ၊ သိသူဖော်စား ဆိုသကဲ့သို့ အစာလည်ဆေး၊ ဆေးလည်းအစာဖြစ်အောင် မစားဖူးကြသူများအတွက် ဂန်ဘိ(ခေါ်) ဒေါက်ခွရွက်အကြောင်းကို သတင်းစကားပါးလိုက်ရပါသည်။ DOCA(မန္တလေး)