အစာလည်းဆေး၊ဆေးလည်းအစာအဖြစ်စားပေးသင့်သော ကင်ပွန်းချဉ်ရွက်

Powered by Drupal
Wed, 07/23/2025 - 10:53 -- consumer_admin
ကင်ပွန်းချဉ်သည် လူတိုင်းစားသုံးပေးသင့်သော အရွက်တစ်မျိုးဖြစ်ပြီး ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ ကျန်းမာရေးမကောင်းသူများ၊ ခံတွင်းမကောင်းသူများနှင့် အိပ်မပျော်သူများအနေဖြင့် အဓိကစားသုံးပေးသင့်ပါသည်။ ကင်ပွန်း ချဉ်ရွက်နုကို ညက်အောင်ထောင်းပြီးသကြားအနည်းငယ်ဖြင့် ရေကျက်အေးနှင့်နေ့စဉ်သောက် သုံးပေးပါက ကိုယ်ဖောကိုယ်ရောင်ရောဂါများကို ပျောက်ကင်းစေနိုင်ပါသည်။ ကင်ပွန်းချဉ်ကို ရေနွေးအနည်းငယ်ဖြင့် သောက်ပေးပါက ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်းတို့ကိုသက်သာစေနိုင်သည့် အပြင် ကိုယ်တွင်းအပူကိုငြိမ်းစေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ ပန်းသေပန်းညှိုး ကောင်းမွန်စေခြင်း၊ ရုပ်ပျိုကာအဆီကျလှပစေခြင်း၊ အစာအိမ်ရောဂါ၊ အရေပြားပေါ်တွင်အဖြူ ကွက်ထခြင်းများကို သက်သာစေနိုင်ပါသည်။ နှလုံးရောဂါဝေဒနာကိုခံစားနေရသူများအနေဖြင့် လည်း ကင်ပွန်းချဉ်ကို ထန်းလျက်၊ ဆား အနည်းငယ်ဖြင့်ရောကျိုကာ နေ့စဉ်သောက်သုံးပေးသင့် ပါသည်။ ကင်ပွန်းချဉ်အရွက် ရင့်ရင့်များကိုဆားအနည်းငယ်ဖြင့်ညက်အောင်ထောင်းပြီး အရည်ကို အဖတ်မပါအောင် ညှစ်ယူပြီး မျက်လုံးနားတစ်ဝိုက်တွင် လိမ်းပေးခြင်းဖြင့် မျက်စိနာ၊ မျက်ရိုးကိုက် ဝေဒနာများကိုသက်သာစေနိုင်ပြီး မျက်ရည်ပူ၊ အခိုးအငွေ့များထွက်လာစေပြီး မျက်လုံးအမြင်ရှင်း စေပါသည်။ ထို့ကြောင့် ကင်ပွန်းချဉ်ရွက်သည် ဟင်းအဖြစ်ချက်ပြုတ်စားသောက်နိုင်ရုံတင်မက ဆေးဝါးအဖြစ်ပါအသုံးဝင်သောကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်နေပါသည်။ DOCA(မန္တလေး)