
အစေ့အဆံများကို တစ်ရက်လျှင် လက်တစ်ဆုပ်စာလောက်စားပေးလျှင် ကျန်းမာရေး အတွက် အထောက်အကူပြုပါသည်။ ဝိတ်ကျချင်သူများအတွက်လည်း အစေ့အဆံများက ကူညီပေးပြီး စားသုံးပေးသင့်ဆုံးအသီးသည် သစ်ကြားသီးဖြစ်ပါသည်။ သစ်ကြားသီးတွင် ဗီတာမင်၊ အမျှင်ဓာတ်၊ ကျန်းမာသောအဆီဓာတ်၊ Omega 3၊ Fatty acids၊ ဓာတ်တိုးဆန့်ကျင်အာနိသင်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါသည်။ မဂ္ဂနီဆီယမ်၊ ကော်ပါးတို့လိုမျိုး သတ္ထုဓာတ်များစွာပါဝင်သောကြောင့် ဝိတ်ကျလိုသူများအတွက် အားထားလို့ရ သည့် အစေ့အဆံတစ်မျိုးဖြစ်သည်။ ကိုယ်တွင်းရောင်ရမ်းခြင်းများကိုလျှော့ချပေးခြင်း၊ ရင်သားကင် ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီးကင်ဆာများကို ကာကွယ်ပေးနိုင်သည့်အပြင် ဆီးချိုသွေးတိုး မဖြစ်အောင်လည်းထိန်းညှိပေးပါသည်။ သစ်ကြားသီးတွင်ပါဝင်သည့် အမျှင်ဓာတ်များသည် အူတွင်းက အကျိုးပြုဘတ်တီးရီးယားများကိုပေါက်ပွားစေနိုင်သည့်အတွက် ဝမ်းမှန်ပြီးကိုယ်အလေး ချိန်ကိုထိန်းပေးပါသည်။ သစ်ကြားသီးတွင်ပါသည့် ကျန်းမာသည့်အဆီဓာတ်နှင့် အမျှင်ဓာတ်များ သည် အစားအများကြီးမစားစေချင်ဘဲ အဆာခံစေပါသည်။ သစ်ကြားသီးသည်အစာချေစနစ်ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်များကိုလည်းမြှင့်တင်ပေးပါသည်။ သစ်ကြားသီးတွင်ပါဝင်သည့် ပရိုတင်း၊ ကျန်းမာသည့်အဆီနှင့် မဂ္ဂနီဆီယမ်သတ္ထုဓာတ်များသည် သွေးတွင်းသကြားဓာတ် ပမာဏကိုထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်များခြင်းသည် ကိုယ်အလေးချိန်တက်နိုင်ပြီး သွေးတွင်းသကြားဓာတ်နည်းခြင်းသည်အဆီများစုလာခြင်းကိုလျှော့ချပေးနိုင်ပါသည်။ ထို့အပြင် သစ်ကြားသီးကိုစားပေးခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး သစ်ကြားသီးတွင်ပါဝင်သော Omega3 fatty acids သည်အဆီလောင်ကျွမ်းခြင်းကို အားပေးသည့်အတွက်ကိုယ်အတွင်းမှာ စုနေသောအဆီများကိုချေဖျတ်ပေးနိုင်ပါသည်။ ထို့အပြင် သွေးတိုးသမားများအတွက် ဓာတ်စာတစ်ခု အဖြစ်လည်း သစ်ကြားသီးကိုစားသုံးပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)