မက်မန်းသီးကပေးတဲ့ ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Tue, 07/22/2025 - 16:28 -- consumer_admin
မက်မန်းသီးနှင့်ပတ်သက်၍ ယခင်က မက်မန်းပေါင်းထုပ်များကိုသာ မြင်တတ်ကြသော် လည်း ယခုအခါတွင်လတ်ဆတ်ချိုအိပြီး အရသာကောင်းသောမက်မန်းအချိုသီးများကို ဈေးဆိုင်များ တွင် တွေ့မြင်နေရပြီဖြစ်သည်။ မက်မန်းသီးသည် ပန်းပွင့်သောအပင်မျိုးစိတ်တစ်မျိုးဖြစ်သည်။ မက်မန်းပင်သည် စိုစွတ်အေးမြသည့်မြေကိုနှစ်သက်ပြီး မူလပေါက်ရာဒေသမှာဥရောပတိုက် တောင်ပိုင်းနှင့် အာရှတိုက်အနောက်ပိုင်းတို့ဖြစ်သော်လည်းထိုမှတစ်ဆင့် အမေရိကတိုက်၊ အာရှ တိုက်နှင့်ဥရောပအနောက်ပိုင်းတို့သို့ ပျံ့နှံ့သွားသည်။ မက်မန်းပင်သည်မြန်မာနိုင်ငံ၌ ပေ၃၀၀၀နှင့် အထက်မြင့်သော ကုန်းမြင့်များ၌ပေါက်ရောက်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကလော၊ နောင်ချိုနှင့် တောင်ကြီးမြို့တို့၏အနီးတစ်ဝိုက်၌ စိုက်ပျိုးဖြစ်ထွန်းကြောင်းတွေ့ရှိရသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပေါင်းစုံစိုက်ပျိုးဖြစ်ထွန်းသော ပြင်ဦးလွင်ဒေသ၌ မက်မန်းပင်ကိုအများဆုံးစိုက်ပျိုးကြ သည်။ မက်မန်းသီးကို မက်မန်းယို၊ တော်ဖီ၊ မက်မန်းချို၊ မက်မန်းချဉ်၊ မက်မန်းဝိုင်ပြုလုပ်ပြီး ပြည်တွင်းဈေးကွက်သာကမ ပြည်ပအထိပါတင်ပို့ရောင်းချလျက်ရှိသည်။ မက်မန်းသီးသည် ကယ်လ် လိုရီနည်းပါးပြီး အဆီပါဝင်မှုမရှိသည့်အတွက် ကျန်းမာရေးကိုအထောက်အကူဖြစ်စေသည့်အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသည့်ပစ္စည်းများနှင့် အာဟာရဓာတ်၊သတ္ထုဓာတ်များဖြစ်သည့် ဗီတာ မင်C၊ ဗီတာမင်E၊ ဗီတာမင်K၊ ဖောလိတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်၊ မဂ္ဂနိနှင့် ဇင့်ဓာတ်များပါဝင်သဖြင့်တစ်နေ့တာလိုအပ်သည့် အာဟာရဓာတ်များကိုရရှိစေသည်။ မက်မန်းသီး တွင်ပါဝင်သော ပိုတက်ဆီယမ်ဓာတ်သည် သွေးကြောများကိုကျယ်စေနိုင်သည့် အာနိသင်ရှိသော ကြောင့် နှလုံးကျန်းမာရေးကိုများစွာအထောက်အကူပြုသည်။ ဗီတာမင်C ကြွယ်ဝစွာပါဝင်သော ကြောင့်လည်း ကိုယ်ခံအားကောင်းစေပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေ သည်။ မက်မန်းသီးကိုပုံမှန်စားသုံးပေးခြင်းဖြင့်ခန္ဓာကိုယ်အတွင်းမှ အဆီဓာတ်များကိုထိန်းညှိပေး ကာ မကောင်းသည့်ကိုလက်စထရောအဆီဓာတ်များကိုကျဆင်းစေပြီး နှလုံးကျန်းမာရေးကိုများစွာ အထောက်အကူပြုပါသည်။ ဆီးချိုသွေးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါများ၊ အဝလွန်ခြင်းနှင့် ဆက်နွယ်နေသည့် ပြဿာနာများမဖြစ်အောင်ကာကွယ်ပေးနိုင်သည်။ မက်မန်းသီးတွင် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးနိုင်သည့် အာနိသင်ရှိသောကြောင့် ဆီးချိုရောဂါအတွက်အထူးသင့် လျော်ပြီး အထောက်အကူပြုနိုင်သည်။ ထို့အပြင်မက်မန်းသီးကိုစာသုံးပေးခြင်းဖြင့် အရိုးပွရောဂါကာ ကွယ် ပေးခြင်း၊ အစာခြေစနစ်ကိုကောင်းစေခြင်း၊ ဦးနှောက်ဉာဏ်ရည်တိုးတက်စေခြင်း၊ အာရုံကြော စနစ်ကောင်းမွန်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ကိုလက်စထရောကျ စေခြင်း၊ သွေးအားကောင်းစေခြင်း၊ စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေခြင်း၊ သွေဖိအားကိုထိန်း ပေးခြင်း၊ အဆုတ်နှင့်ခံတွင်းကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေနိုင်ခြင်း၊ တုပ်ကွေးရောဂါကိုကုသနိုင် ခြင်း၊ သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း၊ အသားအရေလှပစေခြင်း၊ အမြင်အာ ရုံကောင်းမွန်စေခြင်းနှင့်မျက်စိမှုန်ခြင်းတို့ကိုသက်သာစေနိုင်ပါသည်။ မက်မန်းသီးသည် ဓမ္မတာ မမှန်ခြင်းကိုကုသရာတွင် ထိရောက်သည့်အာနိသင်ရှိသည့်အပြင် အူလမ်းကြောင်းထဲမှ အဆိပ် အတောက်များကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်သည့် အာနိသင်လည်းရှိပါကြောင်း မှတ်သားသိရှိ ရပါသည်။ DOCA(မန္တလေး)