အာဟာရဓာတ်များစွာနှင့် ဆေးဖက်ဝင်အာနိသင်များသည့် အာတာလွတ်

Powered by Drupal
Tue, 07/22/2025 - 16:23 -- consumer_admin
အာတာလွတ်ဉလေးကိုပြုတ်ပြီး ဆီလေးဆားလေးနှင့်စားရသည်မှာ ဆိမ့်ဆိမ့်လေးနှင့် အရသာအလွန်ရှိပါသည်။ မြန်မာ့အစားအစာများထဲတွင်နေရာတစ်နေရာယူထားသည့် အာတာလွတ် သည် ကျန်းမာရေးအတွက်လည်းဆေးဖက်ဝင်ပါသည်။ အာတာလွတ်တွင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာ မင်ဘီ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖောစ်ဖရပ်စ် စသည့်သတ္ထုဓာတ် များစွာပါဝင်သည့်အပြင် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များလည်း ပြည့်စုံစွာပါဝင်သောကြောင့် အာဟာရဓာတ်များစွာပါဝင်သော အစားအစာတစ်ခုဖြစ်ပါသည်။ အစာချေစနစ်တွင်အမျှင်ဓာတ် သည်အရေးပါ ပါသည်။ အာတာလွတ်တွင်ပါဝင်သောအမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း များကို သက်သာပျောက်ကင်းစေပြီး သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းညှိပေးပါသည်။ အမျှင် ဓာတ်သည် ပိုလျှံနေသောကိုလက်စထရောများကိုရှင်းလင်းပေးပြီး နှလုံးသွေးကြောဆိုင်ရာကိုလည်း ကောင်းမွန်စေပါသည်။ ပိုတက်ဆီယမ်ပါဝင်မှုပမာဏများသောကြောင့် နှလုံးနှင့်ပတ်သက်သော ရောဂါများမှ ကာကွယ်ပေးပြီး နှလုံးသွေးလွှတ်ကြောနှင့် သွေးပြန်ကြောများကိုပြေလျော့စေပြီး သွေးဖိအားကိုကျဆင်းစေကာ နှလုံးရောဂါနှင့်လေဖြတ်ခြင်းများမဖြစ်အောင် ကာကွယ်ပေးနိုင် ပါသည်။ ဖောလိတ်ဓာတ်ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များစားသုံးပေးပါက မွေးဖွားလာ မည့်ကလေးတွင် ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေပါသည်။ ဖောလိတ်ဓာတ်သည် ဒီအင်န်အေ ဖြစ်တည်မှုနှင့် ဆဲလ်ကျန်းမာရေးအတွက်အရေးကြီးသည့်ဓာတ်ဖြစ်ပြီး ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင် ပေးပါသည်။ အာတာလွတ်တွင် ပရိုတင်းဓာတ်လည်းသင့်တင့်စွာပါဝင်သောကြောင့် ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးမှုကိုလည်းအားပေးပါသည်။ အာလူး ၊ ပီလောပီနံကဲ့သို့အခြားဉများထက် အာတာလွတ် သည် ကယ်လ်လိုရီနည်းသောကြောင့် diet လုပ်သည့်အချိန်တွင်ပိုမိုသင့်လျော်ပါသည်။ ထို့အပြင် အာတာလွတ်ကိုစားပေးခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကိုသက်သာစေနိုင်ခြင်း၊ ကိုယ်ခံ အားမြင့်စေခြင်း၊ ဇီဝကမ္မဖြစ်စဉ်ကိုပိုမိုကောင်းစေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါကြောင်း စုစည်းရေးသားလိုက်ရပါသည်။ DOCA(မန္တလေး)