
မုန်ညှင်းဆီဆိုသည်မှာ မုန်ညှင်းစေ့ကို ကြိတ်ပြီးရလာသောအဆီကိုဆိုလိုခြင်းဖြစ်ပါသည်။ အရေပြားတွင် လူးပေးလို့လည်းရသလို ချက်ပြုတ်သည့်နေရာတွင် အသုံးပြုလို့လည်းရပါသည်။ မြေထဲပင်လယ်ဒေသတွင် အဓိကပေါက်ရောက်ပြီး ကျန်းမာရေးအတွက်အကျိုးများသောကြောင့် ကမ္ဘာတစ်လွှားတွင် တော်တော်များများအသုံးပြုကြပါသည်။ မုန်ညှင်းဆီလူးပေးခြင်းကြောင့် အရေပြားကျန်းမာစေရုံသာမက ခန္ဓာကိုယ်အတွင်းပိုင်းမှ တစ်ရှူးများကိုလည်းကျန်းမာစေနိုင် ပါသည်။ မုန်ညှင်းဆီသည် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်းများကို သိသိသာသာသက်သာ စေနိုင်ပါသည်။ အဆစ်နာတတ်သူများ၊ လေးဖက်နာရှိသူများနှင့် အခြားအရိုးအဆစ်ဝေဒနာခံစား နေရသူများအနေဖြင့် နာကျင်သည့်နေရာတွင် မုန်ညှင်းဆီလိမ်းပြီး ခပ်ဖွဖွနှိပ်ပေးခြင်းဖြင့် သက်သာ စေပါသည်။ မုန်ညှင်းဆီသည် ဆံပင်သန်စွမ်းကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေး နိုင်ပြီး ဆံပင်ကျွတ်ခြင်းကိုသက်သာစေနိုင်ပါသည်။ အရေပြားတွင်မှိုပိုးကူးစက်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ သဲဝဲစားခြင်း၊ အရေပြားဓာတ်မတည့်ခြင်းကြောင့် အဖုအပိန့်ထွက်ခြင်းများ အတွက် မုန်ညှင်းဆီကိုအသုံးပြုနိုင်ပါသည်။ မုန်ညှင်းဆီသည် သွေးလည်ပတ်မှုကောင်းအောင် လှုံဆော်ပေးနိုင်သောကြောင့် အရေပြားကိုအနွေးဓာတ်ရစေပြီး သွေးကြောလေးထဲတွင် သွေးစီးဆင်း မှုကောင်းအောင်လည်း လှုံဆော်ပေးပါသည်။ မုန်ညှင်းဆီသည် နှလုံးသွေးကြောဆိုင်ရာရောဂါများ ခံစားရနိုင်ခြေကိုလည်းနည်းစေပါသည်။ မုန်ညှင်းဆီကို ကလေးငယ်များမှစ၍ သက်ကြီးရွယ်အိုများ အထိပါအသုံးပြုပေးနိုင်ပါသည်။ ထို့ကြောင့် မုန်ညှင်းဆီသည် သဘာဝဆေးဖက်ဝင် အဆီတစ်မျိုး ဖြစ်သောကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုသော မုန်ညှင်းဆီစစ်စစ်ကိုသေချာစွာ အသုံးပြုပေးနိုင်ဖို့ လိုအပ်ပါသည်။
DOCA(မန္တလေး)