“သင်္ဘောပွင့်စားသုံးခြင်းအကျိုး”

Powered by Drupal
Tue, 07/22/2025 - 14:23 -- consumer_admin
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဒေသတွင် ရာသီအလိုက်သီးပင်စားပင်များ ကိုစိုက်ပျိုးလျက်ရှိရာ သင်္ဘောပင်ကိုလည်း စိုက်ပျိုးကြပါသည်။ သင်္ဘောပင်သည် အဖို ၊ အမ ဟူ၍ နှစ်မျိုးရှိကြောင်း ၊ သင်္ဘောသီး(အမ)ပင်ကို စီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးကြ သော်လည်း သင်္ဘောအဖို ပင်ကိုတော့ လက်သုပ်သုပ်စားသုံးရန် ၊ အတို့အမြုပ် စားသုံးရန် အတွက် သီးသန့်စိုက်ပျိုးကြပါသည် ။ သင်္ဘောအမ ပျိုးပင်များကို ပျိုးပင်ရောင်းချသော ဆိုင် များမှ ဝယ်ယူစိုက်ပျိုးရကြောင်း ၊ သင်္ဘောအဖိုပင်သည် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပြီး တန်ဖိုးရှိသော အပင်ဖြစ်ပါသည် ။ သင်္ဘောအဖိုပင်သည် ပန်းပွင့်စောထွက်လေ့ရှိပြီး ရိုးတန် ရှည်ရှည်လေးများမှ အပွင့်များအဆုပ်လိုက် အခိုင်လိုက်ပွင့်ကြကြောင်း ၊ သင်္ဘောပွင့်ကို ခူးယူ၍ အခါးဓာတ် လျော့နည်းစေရန် မန်ကျည်းသီးမှည့် ၊ မာလာကာရွက်များဖြင့်ထည့်၍ ရေနွေးဖြင့်ပြုတ်ပေးရကြောင်း၊ ပြုတ်ပြီးသောအပွင့်လေးများကို ရေအေးဖြင့် ကြာကြာစိမ်ပြီး ရေစင်အောင်ညစ်၍ မြေပဲဆံ၊ပဲမှုန့်၊ဆီချက်တို့ဖြင့်သုပ်၍စားရကြောင်း၊ သင်္ဘောပွင့်စားသုံးခြင်း ဖြင့် ကင်ဆာရောဂါ၊ဖောရောင်မှုကိုလျော့ကြစေခြင်း၊အစာကြေစေပြီး ဝမ်းချုပ်မှုကိုကာကွယ် ပေးသောကြောင့် သင်္ဘောပွင့်ကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ DOCA(မန္တလေး)