ခရမ်းကစော့သီး၏ကောင်းကျိုးများ

Powered by Drupal
Mon, 07/21/2025 - 13:31 -- consumer_admin
ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ခရမ်းကစော့သီးလေးတွေ က ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။ ခရမ်းကစော့သီးကို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းကစော့သီးက ဓာတ်တိုဆးန့်ကျင်အာနိသင်ကြွယ်ဝတာကြော်င့ ခန္ဓာကိုယ်မျာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေနိုင်သလို ရောဂါတွေကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။ ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ချဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်ပါသည်။ ခရမ်းကစော့သီး (၁၀)သားလျှင်(၁၀၀၀)ကျပ်ရရှိကြောင်း သိရပါသည်။ (DOCA ဧရာဝတီ)