ရာသီစာ ကဆစ်သီး ချက်စားရအောင်

Powered by Drupal
Thu, 07/17/2025 - 15:53 -- consumer_admin
အညာဒေသမှာတော့ နွေနှမ်းများအောင်မြင်စွာ ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ယခုလရာသီအချိန်တွင် နှမ်းခင်းယာခင်းများဘေးတွင် အလေ့ကျပေါက်တတ်သော ကဆစ်ပင်မှ ကဆစ်သီးများ သီးနေပြီ ဖြစ်ပါသည်။ ကဆစ်သီးအခါးသီးနှင့် အချိုသီး ဟူ၍ နှစ်မျိုးရှိပြီး ကဆစ်သီးမှည့်များကို တောင်ယာဝင်ရင်း အမောပြေခူးယူစားသောက်လေ့ရှိသည်မှာ အညာဒေသမှာဘဲ ရှိပါသည်။ ကဆစ်သီးမှည့်များကို ခူးဆွတ်၍ စားရသလို ကဆစ်သီးအစိမ်းများကို မီးဖုတ်၍ ငါးပိ၊ ကြက်သွန်ဖြူ ဖြင့်လည်းထောင်းစားကြသည်။ ကဆစ်သီးများကို ကင်းပုံသီးကဲ့သို့ ထုထောင်း၍ ချဉ်ပေါင်၊အသား၊ငါးတို့ဖြင့် ရောနှော၍ချက်စားခြင်း၊ ကဆစ်သီးငါးပိချက်သည် အညာဒေသ၏ ထမင်းမြိန်စေသည့် ရာသီစာ ဟင်းလျာတစ်မျိုးဖြစ်သည်။ ကဆစ်ပင်သည် ဆေးဖက်ဝင်အပင်မျိုးဖြစ်ပြီး လေပွခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောင်အသား ဝါရောဂါ တို့အတွက် ဆေးကောင်းတစ်လက်ဖြစ် ကြောင်းလေ့လာ သိရှိရသည်။ အညာဒေသတွင် ကဆစ်သီးကို ဝယ်ယူစရာမလိုဘဲ လယ်ယာနှမ်းခင်းပျက် ပဲစဉ်းငုံခင်းပျက်များတွင် ခူးယူ၍ ချက်ပြုတ်စား သောက်ကြသည်။ မန္တလေးမြို့နှင့် ရန်ကုန်ဈေးကွက်သို့လည်း အနည်းငယ်တင်ပို့ ရောင်းချရ ကြောင်း ၊ ကဆစ်သီး (၃၀)လုံး လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ DOCA(မန္တလေး)