ကြော်ငြာဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူသည် “  x x x ” Co., Ltd. ၏ citymall.com.mm နှင့်ပတ်သက်၍ Buy 1 Get 1 ဟု ကြော်ငြာထားသော်လည်း ပစ္စည်း အား အော်ဒါမှာယူရာတွင် ကြော်ငြာထား သည့်အတိုင်း မပေးသောကြောင့် တိုင်ကြား လာမှုအပေါ် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက “  x x x ” Co., Ltd သို့ ဆက်သွယ် ဆောင်ရွက်ခဲ့ရာ City Mall Online မှ တိုင်ကြားသူအား ဆက်သွယ်၍ လက်ဆောင် Coupon Code ပေးဆောင်ခဲ့ပြီး တိုင်ကြားသူ စိတ်ကျေနပ်မှု ရှိသည်အထိ တောင်းပန်ခဲ့ပြီး တိုင်ကြားသူမှ ကျေနပ်မှုရရှိခဲ့ပါကြောင်းနှင့် မိမိတို့ City Mall Online ဘက်မှလည်း  အထက်ပါ ပြဿနာ အကြောင်းအရာမျိုး ထပ်မံ မဖြစ်ပေါ်စေရန် ဂရုပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၃-၇-၂၀၂၂ ရက်နေ့တွင် အကြောင်း ပြန်ကြားလာသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

Consumer Affairs