သံပရာသီးရဲ့အသုံးဝင်ပုံနှင့် အစွမ်းထက်အကျိုးအာနိသင်များ

Powered by Drupal
Fri, 07/11/2025 - 14:29 -- consumer_admin
မြန်မာ့ရိုးရာအစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားလေ့ရှိကြတဲ့အခါ သံပရာ သီးနဲ့မန်ကျည်းသီးကို သုံးကြပါသည်။ သံပရာသီးကမွှေးတာကြောင့် အနံ့အသက်ကို လည်းထိန်း သည်။ အအီစာတွေ စားပြီးတဲ့အခါ ဒါမှမဟုတ်ခေါင်းမူးတဲ့အခါ သံပရာရေကိုဖျော်သောက်လိုက်ရင် ကြည်လင်းလန်းဆန်းစေနိုင်စွမ်းရှိပါသည်။ ဒီထက်မကတဲ့ နည်းလမ်းပေါင်းစုံနဲ့ အသုံးဝင်လှတဲ့ သံပရာသီးက ကျန်းမာရေးအတွက်ရော အကျိုးကျေးဇူးများလှပါသည်။ သံပရာသီးဟာ ဗီတာမင် စီ အရမ်းကိုကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်ပါသည်။ သူ့မှာ အမျှင်ဓါတ်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေကြွယ်ဝစွာပါရှိတဲ့အပြင် အခွံမှာလည်း polyphenol(ပိုလီဖီနော်လ်) နဲ့terpene(တာပန်း) တို့လို phytochemical (ဖိုင်တိုကမ်မီကယ်လ်) ဓါတ်များစွာပါဝင်သည်။ သံပရာသီးက ဗီတာမင်(C)ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့scurvy(စကာဗီ) လို့ခေါ်တဲ့ရောဂါကို ကုသနိုငသည်။ ဒီရောဂါရှိနေရင် သာမန်အအေးမိဝေဒနာတွေ၊ မကြာခဏဖျားနာတာတွေ ကြုံနေရသလို နှုတ်ခမ်းကွဲတာ၊ လျှာနဲ့ခံတွင်းထဲမှာ အနာလေးတွေဖြစ် တာတွေ ရှိလာတတ်သည်။ ဆေးဖက်ဝင် သံပရာသီးကို အရည်ဖျော်သောက်လို့ရသလို အရေပြား မှာလည်း နည်းအမျိုးမျိုး နဲ့သုံးလို့ရသည်။ ဗီတာမင်(C) ကြောင့် အသားအရေကို အသစ် ပြန်လည် မွေးဖွားစေပြီး ရောဂါကူး စက်ခံရမှုကိုကာကွယ်ပေးသည်။ ခန္ဓါကိုယ်ချွေးနံ့ကိုလည်း သက်သာလျော့ ပါးစေသည်။ သံပရာသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပဋိဇီဝ ပိုးသတ်အာနိသင် တွေပါဝင် တဲ့အတွက် အသားအရေမှာ အသုံးပြုတဲ့အခါ အရေပြားဆဲလ်သေတွေကို ပွတ်တိုက်ဖယ်ရှား ရာမှာအစွမ်း ထက်လှသည်။ ဗောက်တွေ၊ အရေပြားနီမြန်းမှုတွေကိုလည်း သက်သာပျောက် ကင်းစေ သည်။ ရေချိုးတဲ့အခါ သံပရာရည်လေးနည်းနည်းထည့်ချိုးရုံနဲ့တောင် အသားအရေကို ရှင်းသန့်လန်း ဆန်းစေနိုင်သည်။ သံပရာသီးက ခံတွင်းမှာ တံထွေးပိုထွက်စေနိုင်တဲ့အတွက် အစာချေဖျက်မှုကို အထောက် အကူပေးပါသည်။ သံပရာသီးက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့် သွေးကျဆေး သောက်နေသူတွေနဲ့ အခြား ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် ဆေးသောက်နေရ သူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးဖို့ လိုအပ်ပါသည်။ သံပရာသီးကို မြန်မာနိုင်ငံရှိဒေသ တော်တော်များများတွင် စိုက်ပျိုးဖစ်ထွန်းကြသည်။ ယခုဈေးနှုန်းများအရ အလုံးအရွယ်အစား ပေါ်မူတည်၍ သံပရာသီး (၁) လုံးလျှင် ၁၀၀ ကျပ်မှ ၂၀၀ကျပ်ထိ ရှိကြောင်း သိရသည်။ DOCA(မန္တလေး)