
သင်္ဘောသီးသည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသတွင်ပေါက်ရောက်သော အသီး အနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျဆင်းစေခြင်း၊ ရောဂါများကို နှိမ်နင်းနိုင်ခြင်း၊ အရွယ်တင်နုပျိုနိုင်ခြင်းစသော အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါသည်။ သင်္ဘောသီးကို မှည့်နေချိန်မှာ အစိမ်းလိုက်စားလို့ရပြီး မမှည့်သေးသော အချိန်မှာလည်း ဟင်းထဲမှာထည့်ပြီးချက်ပြုတ် စားသောက်နိုင်ပါသည်။
သင်္ဘောသီးမှာ ကယ်လိုရီမြောက်များစွာ ပါဝင်ပါသည်။ ထို့အပြင် ကာဘွန်ဟိုက်ဒရိုက်၊ ဗီတာမင် အေ၊ ပရိုတိန်း၊ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ဗီတာမင် B9၊ ပိုတက်ဆီယမ်တို့လည်း ပါဝင် ပါသည်။ ကယ်ဆီယမ်အနည်းငယ်၊ ဗီတာမင် B1,B3,B5၊ ဗီတာမင် E, ဗီတာမင် K တို့လည်း အနည်းငယ်ပါဝင်ပါသည်။ ခန္ဓာကိုယ်မှာစိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာသည့် ဟော်မုန်းများ ကြောင့် ရောဂါမျိုးစုံရနိုင်ပါသည်။
သင်္ဘောသီးမှာ ပါဝင်သောပစ္စည်းများသည် စိတ်ဖိစီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင် ပါသည်။ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ ကင်ဆာကုသရာ တွင်လည်း အသုံးဝင်သကဲ့သို့ ကင်ဆာဆဲလ်များ မကြီးထွားလာအောင်လည်း ကာကွယ်ပေးနိုင် ပါသည်။ ရင်သားကင်ဆာကို တိုက်ထုတ်ပေးရာမှာလည်း အသုံးဝင်သလို အခြားအသီးများမှာ မတွေ့နိုင်သည့် ထူးခြားသည့် အကျိုးကျေးဇူးများကို တွေ့နိုင်ပါသည်။
နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည့် ဗီတာမင် စီ လည်း ပါဝင်ပါသည်။ သင်္ဘောသီးမှာ ခန္ဓာကိုယ်ရောင်ရမ်းနာကျင်မှုများကို သက်သာစေနိုင်သည့် ဂုဏ်သတ္တိများလည်း ပါဝင်နေပါသည်။ သင်္ဘောသီးသည် ဝမ်းချုပ်ရောဂါနှင့် အူလမ်းကြောင်း စနစ်မကောင်းမွန်မှု များကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ အစာချေစနစ်ကိုလည်း ကောင်းမွန်စေ ပါသည်။ အစာအိမ်နာခြင်းကို ကုသရာမှာလည်း အကျိုးကျေးဇူးများစွာ ပေးနိုင်ပါသည်။
သင်္ဘောသီးမှာ ပါဝင်တဲ့ ဗီတာမင် စီက အရေးအကြောင်းများ မဖြစ်အောင် ကာကွယ်ပေး နိုင်သလို အသက်အရွယ်ကြီးလာချိန်မှာ ဖြစ်တတ်သည့် အခြားသော အရေပြားပြဿနာများ ကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ကြည်လင်တောက်ပသည့် အသားအရေကို ပိုင်ဆိုင်နိုင်ရုံသာမက နေရောင်ကြောင့် ပျက်စီးသွားသည့် အသားအရေကိုလည်း ပြန်လည် ကောင်းမွန်စေပါသည်။ ပန်းနာရင်ကြပ်ရောဂါများကိုလည်း သက်သာစေနိုင်ပြီး ဗီတာမင် K ပါဝင်တာကြောင့် အရိုးအဆစ်များလည်း သန်မာစေသည်။
သင်္ဘောသီးက အခြားအသီးတွေနဲ့ မတူညီသော အရသာလည်း ရှိပါသည်။ မှည့်လျှင် ချိုမြိန်တဲ့အရသာလေးကို ရရှိစေနိုင်ပါသည်။ သင်္ဘောသီးကို ဖျော်ရည်၊ အချိုပွဲ နှင့်အခြားသော ပုံစံအမျိုးမျိုးဖြင့် စားသောက်တတ်ကြပါသည်။ သို့ဖြစ်ပါ၍ သင်္ဘောသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါသည်။
DOCA(မန္တလေး)