
မြန်မာလူမျိုးများသည် ငပိကိုကြိုက်နှစ်သက်ကြသူများ ထဲတွင်ပါဝင်ပါသည်။ ရေချိုငါးပိကို အောက်ပါအဆင့်အတိုင်းလုပ်ဆောင်ကြပါသည်။ လတ်ဆတ်သော ရေချိုငါးအကောင်ကြီး/ ငယ် များ ကို အကြေးခွံချွတ်ခြင်း၊ ဗိုက်ဖောက်၊ အူထုတ်သန့်စင်ခြင်းနှင့် သန့်ရှင်းသောရေဖြင့်ဆေးပြီးလျှင် ငါးနှင့်ဆား ၁၀ % ခန့်ရောနယ်၍ စဉ့်အိုး(သို့) ပလတ်စတစ်ဗန်း (သို့) သစ်သားစည်တွင် အလေးဖိ၍ တစ်ရက်၊ တစ်ရက်ခွဲခန့်ထားရပါသည်။ နေပူတွင်တစ်ရက်မှ နှစ်ရက်ခန့် နေလှန်းခြင်းနှင့် ဆား ၁၅ % (သို့) ၂၀% ထိထည့်၍ ငရုတ်ဆုံတွင် ကျည်ပွေ့ဖြင့်ထောင်းရပါသည်။ ထောင်းထားသော ငါးများအား စဉ့်အိုးတွင် လေလုံအောင် ၄-၅ လကြာအောင်သိပ်၍ထည့်ထားပါသည်။ ထမင်းစားဝိုင်းတွင် ငါးပိရည် တို့စရာ ပါလျှင်ထမင်းမြိန်စေပါသည်။ ရေချိုငါးပိ တစ်ဆယ်ကျပ်သားလျင် ၅၀၀ ကျပ် မှ ၇၀၀ ကျပ် အထိရှိကြောင်းငါးပိ ရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)