ကင်ပွန်းချဉ် အကြောင်းတစေ့တစောင်း

Powered by Drupal
Thu, 07/10/2025 - 11:00 -- consumer_admin
ကင်ပွန်းချဉ်ကို ရေနွေးဖျောပြီး သောက်ပေးပါက ဝမ်းချုပ်၊လေချုပ်ပျောက်ကင်း၍ ဝမ်းပျော့၊ ဝမ်းမှန်စေသည်။ ဝမ်းဗိုက်အတွင်း လေပွ၊ လေထ၊ လေနာ ၊ လေထိုး၊ လေအောင့် ၊ လေစူးခြင်းတို့ကို လည်းသက်သာစေပါသည်။ ကင်ပွန်းချဉ်ရွက်သည် မြန်မာလူမျိုးတို့ အထူးနှစ်သက်သော ဟင်းသီး ဟင်းရွက်ဖြစ်သည်။ ချဉ်ရည်ချက်၍ လည်းကောင်း၊ ကြော်၍ လည်းကောင်း၊ အခြားသားငါးများနှင့် ရောနှော၍လည်းကောင်း၊ ချက်ပြုတ်စားသုံးနိုင်သည်။ မြန်မာတို့သည် ကင်ပွန်းချဉ်ကို ခြံစည်းရိုးတန်း အဖြစ်စိုက်၍ အညွှန့်ကိုရောင်းချကြသည်။ ကင်ပွန်းချဉ်ရွက်က အရသာလေးက ခံတွင်းရှင်းတာ ကြောင့် အစားပျက်နေသူအတွက် ခံတွင်းလိုက်စေမည့် ဟင်းတမျိုးလည်းဖြစ်ပါသည်။ DOCA(ဧရာဝတီ)